Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှု ရပ်တန့်ပေးဖို့ တောင်းဆိုချက်တစ်စောင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ရဲ့ တပည့်သံဃာတော်များ အမည်နဲ့ ထုတ်ပြန်

စစ်ကောင်စီရဲ့ အကြမ်းဖက်မှု ရပ်တန့်ပေးဖို့ တောင်းဆိုချက်တစ်စောင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ရဲ့ တပည့်သံဃာတော်များ အမည်နဲ့ ထုတ်ပြန်

၂၁ ဇွန်၊ ၂၀၂၄

စစ်အာဏာရှင်များရဲ့ အကြောင်းမဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ တပည့် သံဃာတော်များ အမည်တပ်ထားတဲ့ ထုတ်ပြန်ချက်တစ်စောင် ထွက်လာပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ သေဆုံးရခြင်း အကြောင်းရင်းကို ရှင်းပြထားပြီး ဆရာတော်ဘုရားကြီးကို စစ်တပ်က လက်လွတ်စပယ်ပစ်ခတ်သတ်ဖြတ်တဲ့နည်းတူ တစ်နိုင်ငံလုံးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေတာ ၊ ကျေးရွာနဲ့ မြို့တွေကို မီးရှို့တာ ၊ အရပ်သားပြည်သူတွေကို နေ့စဉ်လုယက်နေတာက တစ်နေ့တစ်ခြား ပိုပြီး ဆိုးရွားလာတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ရဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုတွေဟာ ရဟန်းရှင်လူ ၊ ပြည်သူမရွေး ၊ ဘာသာမရွေး ၊ လူမျိုးမရွေး ၊ အဆင့်အတန်းမရွေး ဘယ်သူ့ကိုမဆို အချိန်မရွေးကျရောက်နေပြီဆိုတာ ဆရာတော်ရဲ့အဖြစ်အပျက်ကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေအနေနဲ့ စစ်တပ်ရဲ့ လက်လွတ်စပယ်သတ်ဖြတ်ခြင်းကို ရပ်တန့်နိုင်ဖို့ ပရိကံဆောင်ခြင်း အမျိုးမျိုး တို့ကို ဝိနည်းနဲ့အညီ လုပ်ဆောင်ပြီး ပြည်သူတွေနဲ့ လက်တွဲဖို့ တိုက်တွန်းနှိုးဆော်တယ်ဆိုတဲ့ အကြောင်းအရာများ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဆက်စပ် သတင်းများ

Most read