Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ သစ်တောရေးရာဝန်ကြီးဌာနပိုင် ဆင် ၁၄၀ ခန့်ကို PLA ထိန်းသိမ်း

စစ်ကောင်စီရဲ့ သစ်တောရေးရာဝန်ကြီးဌာနပိုင် ဆင် ၁၄၀ ခန့်ကို PLA ထိန်းသိမ်း

၄ စက်တင်ဘာ၊၂၀၂၄

စစ်ကောင်စီလက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနပိုင် ဆင် ၁၃၈ ကောင်ကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိန်းသိမ်းထား တယ်လို့ PLA က စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါဆင်တွေကို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်းရှိ ဆင်ဝိုင်း ၂၁ ဝိုင်းမှ ဆင်တွဖြစ်တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေဖြစ်လာတာကြောင့် သစ် တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်တွေနဲ့ ဆင်အုပ်၊ ဆင်ထိန်းတွေရဲ့ မိသားစုတွေက PLA အုပ်ချုပ်တဲ့ စစ်နယ်မြေအတွင်းကို ဇူလိုင်လ ၁၀ ရက်က တိမ်းရှောင်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိဆင်တွေနဲ့ ဆင်ထိန်းတွေကို ပြည်သူပိုင်သိမ်းထားပြီး ပြည်သူ့ဒီမိုကရေစီအစိုးရ လက်ထက် ရောက်ရင် ပြန်လည်အပ်နှံသွားမယ်လို့လည်း PLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PLA အုပ်ချုပ်တဲ့ စစ်နယ်မြေအတွင်းမှာ ယခင်ကတည်းက ဆင်ဝိုင်း ၁၀ ဝိုင်းရှိကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားလာတဲ့နောက် စဉ့်ကူးမြို့နယ်မှ ဆင်ဝိုင်း ၁၁ ဝိုင်းမှာ မိုးကုတ်မြို့နယ်နဲ့ သပိတ် ကျင်းမြို့နယ်အကြားက PLA နယ်မြေထဲကို ထပ်မံတိမ်းရှောင်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆင်တွေကို ပြည်သူ့ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ သက်ဆိုင်ရာဌာနတွေထံ ပြန်အပ်သွားမယ်လို့ လည်း PLA က ပြောဆိုထားပါတယ်။

မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေဘက်မှာ PLA ဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မန္တလေး PDF တပ်တွေနဲ့ပေါင်းပြီး စစ်ကောင်စီကို တိုက် ခိုက်နေတာ ဖြစ်ပါတယ်။

ပုံစာ- (စစ်ကောင်စီရဲ့ သစ်တောဝန်ကြီးဌာနပိုင်ဆင်တွေအား PLA တပ်မှ ထိန်းသိမ်းထားစဉ်)
Photo- People’s Liberation Army (PLA)

ဆက်စပ် သတင်းများ

Most read