Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးတို့နဲ့ တိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း ရှမ်းမြောက်ဒေသ မြို့သုံးမြို့မှာ အရပ်သား ၄၆ ဦးသေဆုံးခဲ့

စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးတို့နဲ့ တိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း ရှမ်းမြောက်ဒေသ မြို့သုံးမြို့မှာ အရပ်သား ၄၆ ဦးသေဆုံးခဲ့

၂၂ ဇူလိုင်၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ပတ်အတွင်း ရှမ်းမြောက်ဒေသ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့ ၃ မြို့မှာ န အရပ်သား ၄၆ ဦး သေဆုံးပြီး ၃၅ ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

ဒီအရေအတွက်ဟာ ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးမစခင် စစ်ကောင်စီ ဘက်က ကျောက်မဲ မှာလေကြောင်းပစ်ခတ်ခဲ့တဲ့ ဇွန် ၁၉ရက် ကနေ ဇူလိုင် ၄ရက်အတွင်း ကောက်ယူထား တာဖြစ် တယ်လို့ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ အလားတူစွာ စစ်ကောင်စီဟာ တရုတ်ရေနံနဲ့ သဘာဓာတ်ငွေ့ပိုက် လိုင်းတစ်လျှောက်ရှိ မြို့တွေကို သေဆုံးထိခိုက်မှုများစေတဲ့ ပေါင် ၅၀၀ ဗုံးတွေအသုံးပြုခြင်းအပါအဝင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကို မြို့တွေနဲ့ ရွာတွေအပေါ် ပိုမိုစုစည်းပစ်မှတ် ထားလုပ် ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ မြေပြင်ကထိခိုက်သေဆုံးမှုတွေဟာ ဒီအရေအတွက်ပိုများနိုင်တယ်လို့ လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်ပါတယ်။

အရပ်သားထိခိုက်သေဆုံးတာအပြင် လူနေအိမ်နဲ့အဆောက်အဦး ၁၅၀ ကျော်လည်းပျက်စီးခဲ့ကြောင်းနဲ့ သေဆုံးထိခိုက် ဒဏ်ရာရတဲ့အရေအတွက်အများဆုံးက ကျောက်မဲမြို့ကဖြစ်ပြီး ၄၄ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့စာရင်းအရသိရပါတယ်။

ရှမ်းမြောက်ဒေသက တိုက်ပွဲတွေ၊ လေကြောင်းပစ်ခတ်မှုတွေရှိနေတဲ့ အဲဒီ ၃ မြို့ဟာ နောင်ချို၊သီပေါနဲ့ ကျောက်မဲမြို့တွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားတဲ့မြို့တွေဖြစ်တယ်လို့လည်း သိရပါတယ်။

Photo-ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

ဆက်စပ် သတင်းများ

Most read