၃၀ နိုဝင်ဘာ၊၂၀၂၄
မြန်မာနိုင်ငံရဲ့ ကျန်းမာရေး က႑နဲ့ အပစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားပဲ ဖြစ်နိုင်သမျှအမြန်ဆုံးနည်းလမ်းတွေနဲ့ အရေးယူပေးဖို့ NUG ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်းတောင်း ဆိုလိုက်ပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုနဲ့ လူသား မျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေအပါအဝင် လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာနိုင်ငံတကာဥပဒေတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက် တာလို့ NUG က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ခုနစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ NUG က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။
ဆေးရုံအဆောက်အအုံအပြင် အနီးနားဝန်းကျင်က နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ကြောင်းနဲ့ အသက်ကို ပဓာနမထားဘဲ ပြည်သူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ဝန်ထမ်းတွေနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေ အတွက် ဝမ်းနည်းရကြောင်းနဲ့ တရားမျှတမှုရရေး ကြိုးပမ်းသွားမယ်လို့ NUG က ဆိုပါတယ်။
ဆက်ကလက်ပြီး အဆိုပါဖြစ်စဉ်ကို ကျုးလွန်ခဲ့တဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့ လူပုဂၢုိလ်တွေကိုလည်း ဖော်ထုတ်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
ပုံစာ – ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာမှ ပြည်သူ့ဆေးရုံအား စစ်ကောင်စီမှ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ထားမှုအားတွေ့ရစဉ်။
Photo:- National Unity Government