၁၈ ဒီဇင်ဘာ၊၂၀၂၄
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက် အလက်တွေ အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် က လေးငယ် ၆ ဦးအပါအဝင် ပြည်သူ(၄၃) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အရေအတွက်အတွင်း အမျိုးသမီး (၁၉) ဦး နဲ့ အမျိုးသား (၂၄) ဦး စုစုပေါင်း (၄၃) ဦး သေဆုံးခဲ့တာကို အမည်နနဲ့ တကွ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါ (၄၃) ဦးအနက် မန္တလေးတိုင်းမှာ (၁၂) ဦးဖြင့် သေဆုံးမှု အများဆုံး ဒေသဖြစ်ပြီး၊ သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၂၀) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ပစ်ခတ် တိုက် ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်အချိန်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခို က်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး ဒေါ်စန်းဝင်းကို ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ AAPP ကဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရ သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၆၀) ဦး ရှိခဲ့ပြီဖြစ်ပြီး မတရား အာဏာလုမှု ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၉၀၅) ဦးရှိပြီး ထိုအထဲမှ (၂၁၃၃၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၇၂၀) ဦးမှာ ထောင်ဒဏ်ချ မှတ်ခံထား ရဆဲဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။
Photo – PSLF/TNLA