Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း လူတစ်ထောင်ကျော် သေဆုံးခဲ့ တယ်လို့ AAPP ထုတ်ပြန်

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း လူတစ်ထောင်ကျော် သေဆုံးခဲ့ တယ်လို့ AAPP ထုတ်ပြန်

၅ ဇူလိုင်၊၂၀၂၄

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိ ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက် အလက် တွေအရ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ ဇွန်လ ၃၀ ရက်နေ့ အထိနိုင်ငံတဝန်းမှာ ပြည်သူတစ်ထောင်ကျော် အမျိုးသမီး (၃၄၈) ဦးနဲ့ အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါသေဆုံးခဲ့သူတွေကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲ့ဒီအရေအတွက်အတွင်းမှာ ဘာသာရေး ကဏ္ဍမှ (၁၅) ဦးနဲ့ ပညာရေးကဏ္ဍမှ (၃၀) ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ သေဆုံးခဲ့တဲ့ (၁၀၇၆) အတွင်းမှာ စစ်ကိုင်းတိုင်း (၃၁၃) ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ် တယ် လို့ သိရပြီး ရခိုင်ပြည်နယ်က (၂၅၉) ဦးနဲ့ သေဆုံးမှု ဒုတိယ အများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး သေဆုံးခဲရသူတွေထဲက (၃၁၈) ဦးမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အများ ဆုံးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် (၃၀၈) ဦး နဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read