Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့တယ်လို့ BWU ထုတ်ပြန်

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့တယ်လို့ BWU ထုတ်ပြန်

၆ စက်တင်ဘာ၊၂၀၂၄

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထား ပါ တယ်။

ဩဂုတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခက်မှုကြောင့် အမျိုးသမီး ၃၀ ဦး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၂၆ ဦး၊ ပစ်ခတ်မှုကြောင့် ၆ ဦး၊ အကြောင်းမဲ့ သတ်ဖြတ် မှု ကြောင့် လေးဦးနဲ့ မြေမြှုပ်မိုင်းကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

BWU စာရင်းအရ သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက ၁၄ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းမှာလည်း သေဆုံးသူ တွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင့် လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မြေမြှုပ်မိုင်းစတာတွေကြောင့် အမျိုးသမီး ၅၉ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ဩဂုတ်လအတွင်း အမျိုးသမီး ခုနစ်ဦးလည်း စစ်ကောင်စီရဲ့ အကြောင်း မဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ယခုအချက်အလက်တွေဟာ အမျိုးသမီးသမဂ္ဂမှ ခိုင်လုံတဲ့ သတင်းမီဒီယာတွေက ရေးသားဖော်ပြမှုတွေကို စနစ်တကျကောက်ယူထားတဲ့ အချက်အလက်တွေကို ပြန်လည် စုစည်းတင်ပြထားတာဖြစ်တယ်လို့ BWU ကဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ သိမ်း ချိန်ကနေ ဩဂုတ်လကုန်အထိ အမျိုးသမီး ငါးထောင်ကျော် (၅၆၄၉) ဖမ်းဆီးခံရပြီး လေးထောင်ကျော် (၄၀၂၉) ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။

ပုံစာ- (BWU မှဖော်ပြထားသည့် စစ်ကောင်စီရဲ့ ပစ်ခက်မှုကြောင့် ဩဂုတ်လအတွင်း အမျီုးသမီးတွေ သေဆုံးခဲ့သည့် စာရင်းများ)
Photo – BWU

ဆက်စပ် သတင်းများ

Most read