Homeပြည်တွင်းသတင်းစစ်ကောင်စီမှ အတွဲလိုက်ဒုံးနဲ့ပစ်ခတ်မှုကြောင့် ကလေး ငယ် (၁)ဦးအပါ (၂)ဦးသေဆုံးပြီး၊ (၅)ဦးအပြင်း အထန်ဒဏ်ရာရ

စစ်ကောင်စီမှ အတွဲလိုက်ဒုံးနဲ့ပစ်ခတ်မှုကြောင့် ကလေး ငယ် (၁)ဦးအပါ (၂)ဦးသေဆုံးပြီး၊ (၅)ဦးအပြင်း အထန်ဒဏ်ရာရ

၁၇ ဇူလိုင် ၊ ၂၀၂၄

မိုးကုတ်မြို့အတွင်း စစ်ကောင်စီက အတွဲလိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ဦးအပါအဝင်(၂) သေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့ ည (၉း၀၀)အချိန်က မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲ ထားတဲ့ ဗျူဟာကုန်းမှနေပြီး မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်ဘက်ကို အတွဲလိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ထိုလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၇) နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် (၄၀) နှစ်အရွယ် ယာအိမြတ်မွန်ဆိုသူထိမှန်သေဆုံးသွားခဲ့ပြီး ၊အသက် (၁၈)နှစ်အရွယ် လွေးသိမ့်သီင်္ဂီအေး၊ အသက် (၁၄)နှစ် လွေးဆုမြတ်ဆန်ဒီ၊ အသက် (၈၄)ရှိ ဒေါ်ခင်စိန်၊ အသက် (၄၄)နှစ်ရှိ ဦးဝင်းကျော်သူခိုင်နဲ့ အသက် (၄၀)အရွယ် ဒေါ်ဖြူဖြူမွန် တို့မှာ လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဇူလိုင် (၁၄) ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်တာ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလ (၂)ရက်အတွင်း အရပ်သား (၃) ဦးသေဆုံးပြီး (၈) ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲ (၂၂) ရက်အတွင်း စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား (၆၉) ဦးသေဆုံးပြီး (၁၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read