Homeပြည်တွင်းသတင်းစစ်ကောင်စီနဲ့ ခရိုနီဘဏ်လုပ်ငန်းရှင်တွေက နိုင်ငံခြားက ရှေ့နေတွေငှားပြီး ရှောင်တားနားကို နှုတ်ပိတ်ဖို့ ခြိမ်းခြောက်

စစ်ကောင်စီနဲ့ ခရိုနီဘဏ်လုပ်ငန်းရှင်တွေက နိုင်ငံခြားက ရှေ့နေတွေငှားပြီး ရှောင်တားနားကို နှုတ်ပိတ်ဖို့ ခြိမ်းခြောက်

၅ ဇူလိုင်၊ ၂၀၂၄

စကစနဲ့ ခရိုနီဘဏ်လုပ်ငန်းရှင်တွေက နိုင်ငံခြားက ရှေ့နေတွေငှါးပြီး ရှောင်တားနားအား နှုတ်ပိတ်ဖို့ ခြိမ်းခြောက်လာကြတယ်လို့ ရှောင်တားနားက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။

အရင်ကလည်း ခုလိုပြည်ပဥပဒေအဖွဲ့တွေငှါးရမ်းကာ ခြိမ်းခြောက်ဖူးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ မစ္စတာရှောင်တားနားက ဆိုပါတယ်။

မစ္စတာရှောင်တားနားဟာ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ “စီးပွားရေး အကြံပေး အထူးပုဂ္ဂိုလ်” အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ အစိုးရနဲ့အတူတူ အလုပ်လုပ်ခဲ့ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအမှုနဲ့ တစ်မှုတည်းတရားစွဲခံရပြီး ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးပြီး တစ်နှစ်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမယ့် ပြန်လည်ပယ်ဖျက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇မှာ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီဘိုးမင်း၊ ဂျပန်ဒါရိုက်တာ ကူဘိုတာ တို့နဲ့အတူ ပြန်လည် လွတ်မြောက်လာခဲ့သူပါ။ သူလွတ်မြောက်လာတာနဲ့ စစ်ကောင်စီက သူ့ကို ဩစတြေးလျနိုင်ငံကို ချက်ချင်း ပြန်လွှတ်ခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံ စီးပွားရေးအခန်းကဏတွေနဲ့ပတ်သတ်ပြီး ၂၀၀၉ ခုနှစ်ထဲက Fiery Dragons: Banks, Moneylenders and Microfinance in Burma ကို ရေးသားထုတ်ဝေဖူးသလို အခု ထောင်က လွတ်လာတဲ့အခါမှာ ထောင်တွင်းအတွေ့အကြုံတွေကိုAn Unlikely Prisoner ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေပြီး နိုင်ငံတကာက မြို့ကြီးတွေမှာ Fundraising Eventတွေ ပြုလုပ်ပြီး NUG ကို ကူညီနေပါတယ်။

သူဟာ လက်ရှိမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အတွက်လည်း ဆက်ပြီး အလုပ်လုပ်ပေးနေတဲ့အတွက် စစ်ကောင်စီနဲ့ စစ်ကောင်စီအပေါင်းအပါ ဘဏ်လုပ်ငန်းရှင်တွေက ခြိမ်းခြောက်မှုတွေ ဆက်တိုက်ရှိလာတာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read