Homeပြည်တွင်းသတင်းစစ်ကောင်စီက သံတွဲနဲ့မောင်တောမြို့တွေမှာ ခံစစ်ပြင်ဆင်တဲ့အနေနဲ့ မြေမြှုပ်မိုင်းတွေထောင်ထား တာကြောင့် ပြည်သူတွေသတိပြုသွားရန် AA သတိပေး

စစ်ကောင်စီက သံတွဲနဲ့မောင်တောမြို့တွေမှာ ခံစစ်ပြင်ဆင်တဲ့အနေနဲ့ မြေမြှုပ်မိုင်းတွေထောင်ထား တာကြောင့် ပြည်သူတွေသတိပြုသွားရန် AA သတိပေး


၁၆ ဇူလိုင်၊၂၀၂၄


ရခိုက်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ သံတွဲ နဲ့ မောင်တောမြို့တွေမှာ စစ်ကောင်စီက ခံစစ်ပြင် ဆင်တဲ့အနေနဲ့ မြိုတွင်းသိုဝင်ရောက်နိုင်တဲ့ နေရာတွေ၊တံတားတွေနဲ့ ၎င်းတိုစခန်းချခဲ့တဲ့ နေရာတွေမှာ စွန့် လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူတွေသတိထားသွားလာဖို့ ရက္ခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ လက်လွှတ်လိုက်ရတဲ့ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်နဲ့ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်ရှိ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေတွေမှာ ထောင်ထားတဲ့ စွန့်လွှတ်မိုင်းတွေနင်းမိပြီး အရပ်သားပြည်သူလူထုတွေ နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုးခြင်းတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း သံတွဲမြို၊ နံတော်တောင် တံတား(နန်းချောင်း တံတား)ပေါ်မှာ စစ်ကောင်စီက တံတားအား ဖောက်ခွဲဖျက်ဆီးဖို့ တံတားပေါ်မှာ မိုင်းတွေထောင်ထားခဲ့ သလို ၎င်းတိုဆုတ်ခွာထွက်ပြေးသွားတဲ့ လမ်းတွေနဲ့ ၎င်းတိုစခန်းချရာ အနီးပတ်ဝန်းကျင်တွေမှာ စွန့်လွှတ် မိုင်းများစွာ ထောင်ထားတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါကြောင့် အရပ်သားပြည်သူလူထုအနေနဲ့ မိုင်းနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ အသိပညာတွေ သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီရဲ့ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ) စခန်းချခဲ့ရာ နေရာတွေမှာ မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းတွေကို လတ်တလောအခြေအနေမှာ မပြုလုပ်ကြဖို့ ရက္ခိုင့်တပ်တော် AAက သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read