Homeပြည်တွင်းသတင်းစစ်ကောင်စီက လောက်ကိုင်မြို့ကိုဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး

စစ်ကောင်စီက လောက်ကိုင်မြို့ကိုဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး

၁၆ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့လယ်ကဟိုတယ်တွေကို စစ်ကောင်စီက ဇူလိုင်လ ၁၄ ရက် မနက် ၂ နာရီမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

MNDAA က ဇူလိုင်လ ၁၅ ရက်မှာထုတ်ပြန်လာတဲ့ ၄ မိနစ်ကြာရုပ်သံဖိုင်အရ လောက်ကိုင်မြို့ရှိ Fully Light Hotel အနီး Royal Lever Hotel နဲ့ Dong Cheng International Hotel တို့ကို ထိမှန်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် Dongcheng International Hotel ရဲ့ ငါးလွှာမှာ နေထိုင်သူ ၃၇ နှစ်အရွယ်အမျိုးသား သေဆုံးခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာလို့ MNDAA က ဆိုပါတယ်။

စစ်ကောင်စီအခြေစိုက် လားရှိုးမြို့ ကို MNDAA ကတိုက်ခိုက်လာချိန်မှာ စစ်ကောင်စီဘက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၁၄ ရက် ည ၁၂ နာရီကစပြီး ၄ ရက်အပစ်ရပ်မယ်လို့ MNDAA ဘက်ကကြေညာထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read