Homeပြည်တွင်းသတင်းစစ်ကောင်စီကို ILO ပုဒ်မ (၃၃)အရ အရေးယူပေးဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာအထည် ချုပ်အလုပ်သမားတွေ တောင်းဆို

စစ်ကောင်စီကို ILO ပုဒ်မ (၃၃)အရ အရေးယူပေးဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာအထည် ချုပ်အလုပ်သမားတွေ တောင်းဆို

၂၉ ဩဂုတ်၊ ၂၀၂၄

စက်မှုဇုန်တွေမှာ အလုပ်သမားတွေရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို စာရင်းကောက်ယူ နေတာကြောင့် စစ်ကောင်စီကို အရေးယူပေးဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအထည်ချုပ် အလုပ်သမားတွေက ILO ကို တောင်းဆိုကြောင်း မြန်မာအလုပ်သမားတပ်ပေါင်းစု MLAက ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လက စပြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတွေက စက်ရုံ၊ အလုပ်ရုံတွေက အလုပ် သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူခဲ့ပါတယ်။

ဒီအတွက် အခြေခံအထည်ချုပ်အလုပ်သမားတွေအနေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံရမှာကို စိုးရိမ်ပူပန်နေရပြီး အကြောက်တရားဖြစ်အောင် ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီကို ILO က ပုဒ်မ (၃၃) အရ အရေးယူပေးဖို့ တောင်းဆိုတဲ့ campaign တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ပုဒ်မ ၃၃ မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ILO ရဲ့ အခြေခံ ပြဋ္ဌာန်းချက်တွေကို မလိုက်နာရင် ကျူးလွန်တဲ့ နိုင်ငံကို စုံစမ်းပြီး အရေးယူတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာမှာ ကျင်းပမဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူဖို့အတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာရှိတဲ့ ILO ရုံးချုပ်မှာ ဆွေးနွေး ကြမယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအထည်ချုပ်အလုပ်သမားတွေအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေကို ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

၂၀၂၄ခုနှစ် ဇွန်လ ၃ ရက်က ၁၄ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာလည်း စစ်ကောင်စီကိုအရေးယူပေးဖို့ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ IUF နဲ့ IndustriALL Global Union တို့က တောင်း ဆိုခဲ့ပါတယ်။

Photo – မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုMLA

ဆက်စပ် သတင်းများ

Most read