Homeပြည်တွင်းသတင်းစစ်ကောင်စီကို လေယာဉ်ဆီမရောင်းဖို့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို UN အမေရိကန် သံအမတ်ကြီးတောင်းဆို

စစ်ကောင်စီကို လေယာဉ်ဆီမရောင်းဖို့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို UN အမေရိကန် သံအမတ်ကြီးတောင်းဆို

၁ ဇူလိုင်၊၂၀၂၄

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးအနေနဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်လောင်စာဆီ ရောင်းချတာတွေကို တားဆီးဖို့ အမေရိကန်ပြည်ထောင်စုက အခိုင်အမာထောက်ခံတယ်လို့ သံအမတ်ကြီး Linda Thomas-Greenfield က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၈ ရက်နေ့က ပြောကြားခဲ့တဲ့ သူ့ရဲ့ပြောကြားချက်အရ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး ထောက်ခံကြောင်းဆိုပါတယ်။

“စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူနည်းစုတွေကို အတင်းအကျပ် စစ်သားအဖြစ်စုဆောင်းတာ၊ အမျိုးသမီးတွေကို အဓမ္မစုဆောင်းတာတွေရှိနေပြီး ဒီအဖွဲ့တွေက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်တယ်” လို့သံအမတ်ကြီးက ဆိုပါတယ်။

သူက ဆက်လက်ပြောကြားရာမှာ၊ “UN အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီကို စစ်လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရာမှာ ပါဝင်ကူညီနေတဲ့ ဘဏ်တွေကို ထုတ်ဖော်ထားတာကိုလည်း ကြိုဆိုပါတယ်” လို့ ဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေအနီးမှာ မြေမြှုပ်မိုင်းအသုံးပြုမှုနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြင့်လာတာကြောင့် စိုးရိမ်ပူပန်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read