Homeပြည်တွင်းသတင်းစစ်ကောင်စီကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံးအရေးယူပေးဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC တောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံးအရေးယူပေးဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC တောင်းဆို

၇ စက်တင်ဘာ၊၂၀၂၄

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခို က်မှုကြောင့် ကလေးငယ်များ အပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ဖြစ်စဉ်အပေါ် နိုင်ငံတကာစစ်ခုံရုံး ကနေ အမြန်ဆုံးအရေးယူပေးဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC)က တောင်းဆို လိုက်ပါ တယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားဒါဇင်ချီသေဆုံးခဲ့ပြီးနောက် နိုင်ငံတကာ စစ်ခုံရုံးမှာ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ နိုင်ငံတွေကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ(UN mem ber states )၊ ဥရောပအဖွဲ့ဝင် နိုင်ငံများ(EU)၊ အာဆီယံနိုင်ငံတွေအနေနဲ့ မျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူမှုတွေဖော်ဆောင်ပေးဖို့ကိုလည်း IEC ကတိုက်တွန်းထားပါတယ်။

စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချတာတွေ ပိတ်ဆို့အရေးယူပေးဖို့နဲ့ လေယာဉ်ဆီတင်ပို့ ရောင်းချနေတာတွေကိုပါ ရပ်တန့် အောင်လုပ်ပေးဖို့နဲ့ ကရင်နီဒေသကို လူသားချင်းဆိုင်ရာ အကူအညီတွေ ထပ်တိုးပေးဖို့ကိုလည်း ကြားကာလ အုပ်ချုပ်ရေးကောင်စီ က တောင်းဆိုထားပါတယ်။

မဘန်ကောက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာအတွင်း လူ ၉ ဦးသေဆုံးခဲ့တာ အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း ကယားပြည်နယ်(ကရင်နီဒေသ)မှာ အရပ်သား သေဆုံးသူ ၂၄ ဦး နဲ့ ဒဏ်ရာ ရသူ အယောက် ၄၀ ရှိသွားပြီလို့ လည်း IEC က ထုတ်ပြန်ပါတယ်။

အဲဒီ စခန်းကို ဒီတကြိမ်နဲ့ဆို ၇ ကြိမ်မြောက် ဗုံးကြဲတာဖြစ်ပြီး အခုအကြိမ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်းမှာ နေအိမ် ၁၆၇ လုံး၊ လူဦးရေ ၆၆၆ ဦး နေထိုင်တဲ့နေရာဖြစ်သလို ကျောင်းသား ဦးရေ ၇၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းဖြစ်ပါတယ်။

Photo IEC

ဆက်စပ် သတင်းများ

Most read