စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ကမြို့နယ်တွေကို မေလ ၁၁ ရက် ဒီကနေ့မှာ လေကြောင်း တိုက်ခိုက် မှုတွေလုပ်ဆောင်နေတယ်လို့ WetletInformational NetWork ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
မတ္တရာမြို့နယ် အရှေ့ခြမ်း တနေရာကို တံတားဦးတက် Y-12 ဗုံကျဲလေယာဉ် ၁စီး နဲ့ မေလ ၁၁ ရက် ၁၁ နာရီ ၄၉မိနစ်မှ ၁၂ နာရီ ၃၇ မိနစ် အတွင်း ဗုံသီး ၃၃ချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာပဲ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်း တနေရာကို မိတ္ထိလာတက် J-Frighter ၁စီး နဲ့ မနက်ပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်မှု ၁ကြိမ် ပြုခဲ့ပြီး ပြည်သူ ၄ဦးထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ရွာ အနောက်ဘက်ကို တံတားဦးတက် J-Frighter ၁စီးနဲ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှာ လေကြောင်းတိုက်ခိုက်မှု ၁ကြိမ် ပြုခဲ့ပြီး နွား ၂ကောင် သေဆုံးပြီး ပြည်သူ ၃ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဝက်လက်မြို့နယ် အနောက်ခြမ်းကို တံတားဦးတက် J-Frighter ၁စီး နဲ့ မနက် ၇ နာရီအချိန်ခန့်မှာ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုခဲ့ရာ ပြည်သူ ၂ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ : WetletInformational NetWork