Homeပြည်တွင်းသတင်းစစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က ၁၉ ရက်ကြာတိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က ၁၉ ရက်ကြာတိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

၁၀ ဇွန်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့က တိုက်ပွဲမှာ အရပ်သားနေအိမ်တွေနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကောင်စီဘက်က ဇွန်လ ၉ ရက် မနေ့ကစပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်တွေနဲ့ ပျူစောထီးတပ်တွေအပြင် ရှမ်းနီတပ်လို့ ခေါ်ကြတဲ့ ရှမ်းအမျိုးသားတပ်တော် SNA တို့ဟာ မေလ ၂၃ရက်က စပြီး ပင်လည်ဘူးမြို့ကို ဝင်ရောက်စီးနင်းပြီး မြိူ့ထဲမှာ အထိုင်ချနေရာယူခဲ့ကြပါတယ်။ ပျူစောထီး ၊ ရှမ်းနီနဲ့ စစ်ကောင်စီ တပ်တွေ စုစုပေါင်း အင်အား ၂၀၀ ကျော်ထိ ရှိနေပြီး ပင်လည်ဘူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့လုပ်ရင်း တိုက်ပွဲတွေက ၁၉ ရက်ထိ ကြာမြင့်နေပြီး အခုထိလည်း တိုက်ပွဲမှာ မပြီးဆုံးသေးပါဘူး။ ပင်လည်ဘူးမြို့နဲ့ မိုင် ၃၀ ကွာတဲ့ဝန်းသိုမြို့ကနေပြီး စစ်ကောင်စီကို မြေပြင်စစ်ကူတွေ ပို့ပေးနေတယ်လို့ သိရပါတယ်။

ပင်လည်ဘူးမြို့က မြို့ခံတွေအနေနဲ့ ဘယ်သူတွေ သေဆုံးပြီး ဘယ်သူတွေမီးရှို့သတ်ခံရတယ်ဆိုတာ မသိရသေးဘဲ ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ဖြေကြားပြီး အရပ်သားပြည်သူတွေ ပျက်စီး ဆုံးရှုံးမှုနဲ့ သေဆုံးဒဏ်ရာရမှုတွေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်းပကဖဘက်က စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့တွေဟာ ပင်လည်ဘူးမြို့မှာ ရှိတဲ့ ရုံးတွေနဲ့ အဆောက်အအုံတွေကို မီးရှို့နေပြီး ၎င်းတို့ဘက်မှ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို နေအိမ်တွေထဲ ထည့်ပြီး မီးရှို့နေတယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read