ဂျပန်နိုင်ငံရဲ့ ၁၀၄ ကြိမ်မြောက်ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် တခအိချိ ဆနအဲ ကို အောက်တိုဘာ ၂၁ ရက်မှာ ရွေးချယ်တင်မြှောက်ခံရတယ်လို့ နစ်ကိုင်းအေးရှ သတင်းမှာ ဖော်ပြပါတယ်။
တခအိချိ ဆနအဲကို ၁၉၆၁ ခုနှစ် မတ် ၇ ရက်က ဂျပန်နိုင်ငံ ၊ နာရာပြည်နယ်၊ ယမာတိုကိုရီယမာမြို့မှာမွေးဖွားခဲဲ့ပြီး ၁၉၉၃ ခုနှစ်မှာ မွေးရပ်မြေရဲ့ ရွေးကောက်ခံအမတ် အဖြစ် စတင်ရွေးချယ်ခံရမှုကစပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင် ဖြစ်လာခဲ့ပြီး၂၀၁၄ ခုနှစ်ကစပြီး အစိုးရအဖွဲ့ထဲ နေရာစပေးခံလာရသူဖြစ်ပါတယ်။
သူမဟာသည် ဒုတိယကမ္ဘာစစ် ပြီးကတည်းက ဂျပန်နိုင်ငံကို အဆက်မပြတ်နီးပါး အုပ်ချုပ်လာခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဝါရင့်ဂျပန်နိုင်ငံရေးသမားဖြစ်တဲ့ သူမဟာ ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့ နဲ့ ဖူမီအို ခီရှိဒ လက်အောက်တို့မှာ ၀န်ကြီးရာထူးတွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ် မာဂရက်သက်ချာကို အားကျသူလို့ လူသိထင်ရှား ထုတ်ဖော်ပြောဆိုထားပြီး လုပ်ကြံခံခဲ့ရတဲ့ ဂျပန်ရဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာ့ဘဲ့ ရဲ့ မဟာမိတ်လည်း ဖြစ်ခဲ့ပါတယ်


