Homeပြည်တွင်းသတင်းဂမုန်းရေလှောင်တမံမကျိုးပေါက်စေဖို့ စောင့်ကြည့်ထိန်းသိမ်းနေတယ်လို့ အုတ်ဖို PDF အသိပေး

ဂမုန်းရေလှောင်တမံမကျိုးပေါက်စေဖို့ စောင့်ကြည့်ထိန်းသိမ်းနေတယ်လို့ အုတ်ဖို PDF အသိပေး

၂၆ စက်တင်ဘာ၊၂၀၂၄

ပဲခူးတိုင်းအနောက်ပိုင်း ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံ တမံကျိုးပေါက်မှု မရှိစေရေးလုပ်ဆောင်ခဲ့ပြီး စောင့်ကြည့်ထိန်းသိမ်းနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ပါတယ်။

ဂမုန်းရေလှောင်တမံမှာ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်းတည်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်း မိုးအဆက်မပြန်ရွာသွန်းခဲ့တာကြောင့် ဂမုန်းရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ် အထက် ရောက်ရှိကာ တမံကျိုးပေါက်နိုင်သည့် အခြေအနေကိုရောက်ရှိခဲ့တာကြောင့် တမံကျိုးပေါက်မှု မရှိစေရေး လုပ် ဆောင်ခဲ့ပြီး တမံကြံ့ခိုင်မှုအား စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက ပြည်သူ့အသက် အိုးအိမ်စည်းစိမ် များအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေသည့်အတွက် ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရန် ထိန်း သိမ်းဆောင်ရွက်နေသောကြောင့် ပြည်သူများ မစိုးရိမ်ကြရန် အသိပေးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ – ဂမုန်းရေလှောင်တမံကို စောင့်ကြပ်စစ်ဆေးနေသော PDF များနှင့် တမံမှရေများရေစီးကောင်းရန် အမှိုက်များရှင်းလင်းစဥ်

Photo – မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)

ဆက်စပ် သတင်းများ

Most read