Homeပြည်တွင်းသတင်းခြံအမှတ် ၅၄ ကို ဒုတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်

ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်

၁၅ သြဂုတ်၊ ၂၀၂၄

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သြဂုတ်လ ၁၅ ရက်မှာ ဒုတိယအကြိမ် လေလံတင်ရောင်းချပေမဲ့ ၀ယ်ယူသူမရှိဘဲ မအောင်မြင် ကြောင်း သိရပါတယ်။

အမွေဆိုင်အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို သြဂုတ်လ ၁၅ ရက် ဒီနေ့မှာ လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင် ရောင်းချခဲ့ပေမဲ့ ဝယ်ယူမဲ့သူမရှိတဲ့အတွက် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။

ဒီနေ့လေလံပွဲကို ခြံအမှတ် (၅၄) နေအိမ်ခြံဝင်းရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားရုံးက လေလံအရာရှိက လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပြီး လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲ မအောင်မြင် ကြောင်း ကြေညာခဲ့တာပါ။

ပထမအကြိမ် လေလံပွဲကို မတ် ၂၀ ရက်မှာ ၃၅၀ ဘီလျံကျပ် နဲ့ ရောင်းချပေမဲ့ မအောင်မြင်တဲ့အတွက် မေလ ၂၃မှာ ဥိးအောင်ဆန်းဦးက ၁၆၀ ဘီလျံကျပ်အထိ လျှော့ချဖို့ လျှောက်ထားခဲ့ပါတယ်။

အခု သြဂုတ် ၁၅ရက် မနက်ပိုင်းမှာ ဒုတိယအကြိမ် လေလံမှာ ၃၀၀ ဘီလျံကျပ်နဲ့ ထပ်ပြီး လေလံတင်ပေမဲ့ ဝယ်သူမရှိတဲ့အတွက် ထပ်ပြီး လေလံပွဲမအောင်မြင်တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read