Homeပြည်တွင်းသတင်းချောင်းကြီးရဲစခန်းတိုက်ပွဲအတွင်း ဂုဏ်သိက္ခာရှိရှိသေမယ်လို့ပြောဆိုခဲ့သူ ချောင်းကြီးစခန်းမှူး အရင်ဆုံး ထွက်ပြေး

ချောင်းကြီးရဲစခန်းတိုက်ပွဲအတွင်း ဂုဏ်သိက္ခာရှိရှိသေမယ်လို့ပြောဆိုခဲ့သူ ချောင်းကြီးစခန်းမှူး အရင်ဆုံး ထွက်ပြေး

၃ ဩဂုတ်၊၂၀၂၄

သပိတ်ကျင်းမြို့နယ်ရှိ ချောင်းကြီးရဲစခန်းတိုက်ပွဲအတွင်း ဂုဏ်သိက္ခာရှိရှိသေမယ်လို့ စိန်ခေါ်ပြောဆိုခဲ့သည့် ချောင်းကြီးစခန်းမှူးမှာ တိုက်ပွဲဖြစ်ပွားချိန်မှာ အရင်ဆုံးထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ရက်က သပိတ်ကျင်းမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းပေါ်မှာရှိတဲ့ ချောင်းကြီးရဲစခန်းကို PDFတွေက ဘူဒိုဇာသုံးပြီး တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ စခန်းမှူးက အရင်ဆုံးထွက်ပြေးသွားပြီး လွတ် မြောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ချောင်းကြီးစခန်းကို ဇွန်လ ၂၆ရက်ကတည်းက PDF တွေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက PDF ရဲဘော်တွေဟာ အဲဒီစခန်းမှူးနဲ့ ဖုန်းဆက်ပြီး ညှိနှိုင်းခဲ့ဖူးတဲ့အသံဖိုင် စစ်အုပ်စုက ဝါဒဖြန့်ဖော်ပြခဲ့ပြီး အဆိုပါ အသံဖိုင်အတွင်း

“ကျွန်တော်တို့ချည့် လက်လွတ်သွားလို့(ထွက်သွားလို့)အဆင်မပြေဘူး။ ရွာရှိသေးတယ်လေ။”လို့ စခန်းမှူးက ပြောဆိုထားသလို ဆက်လက်ပြီး “အားလုံးက တစ်သက်ပဲသေကြရတာ။ နှစ်သက် သေစရာမှမရှိကြောင်းနဲ့ ကျွန်တော်တို့က တစ်သက်မှာတစ်ခါပဲသေမှာ။ ဂုဏ်သိက္ခာရှိရှိသေမယ်။”လို့ ချောင်းကြီးစခန်းမှူးက ပြောဆိုထားပါတယ်။

ဒါပေမယ့် PDFတွေက ဘူဒိုဇာသုံးပြီး စခန်းလာတိုက်ချိန်မှာတော့ ချောင်းကြီးစခန်းမှူးက အရင်ဆုံးထွက် ပြေးခဲ့တာလို့ ဆိုပါတယ်။

ချောင်းကြီးစခန်းကို စတင်တိုက်ခိုက်ချိန်ကတည်းက စစ်ကောင်စီက အကြိမ်များစွာလေကြောင်းတိုက်ခိုက်ခဲ့ တာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဆုတ်ချည်ခွာချည် တိုက်ခိုက်ခဲ့ရာ တစ်လကျော်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာပါ။

သပိတ်ကျင်းမြို့နယ်က အင်းနက်ရွာ စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနဲ့ တကောင်းတောင်ပေါ် ရဲစခန်းတွေကိုလည်း PDFတွေက ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ရရှိထားပါတယ်။

ဆက်စပ် သတင်းများ

Most read