Homeပြည်တွင်းသတင်းချင်းရိုင်တွင် ရုတ်တရက်ရေကြီးရေလျှံဖြစ်ပွား

ချင်းရိုင်တွင် ရုတ်တရက်ရေကြီးရေလျှံဖြစ်ပွား

၂၇ ဇွန်၊ ၂၀၂၅

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်းမှာ ရက်ဆက် မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရုတ်တရက်ရေကြီး ရေလျှံ တာတွေဖြစ်ပွားကာ ထိခိုက်ဆုံးရှုံးတာတွေ များပြားတယ်လို့ ဒီနေ့ ဇွန် ၂၇ ရက်မှာ The Nation Thailand သတင်းတစ် ရပ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

အဲဒီဒေသအတွင်း မိုးရွာသွန်းတာဟာ မနေ့က ဇွန်လ ၂၆ ရက် ညပိုင်းအချိန်ကနေ ဒီကနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းအချိန်အထိ ရွာသွန်းခဲ့တာဖြစ်ပြီး၊ Wiang Chiang Dung အမည်ရှိတဲ့ ဆေးရုံအပါ အဝင် နေအိမ်တွေ၊ လယ်စိုက်ခင်းတွေနဲ့ အများပြည်သူအဆောက်အအုံပေါင်းများစွာ ရေနစ်မြှပ်ခဲ့တယ်လို့ဆိုပါတယ်။

ရုတ်တရက်ရေကြီးရေလျှံဖြစ်ပွားတာကြောင့် အချို့နေရာတွေမှာ လူတစ်ယောက်ရဲ့ ခါးတဝက်ကျော်အထိ နစ်မြှပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီကနေ့ ရေပြန်ဆင်းတာမရှိရင် ဆေးရုံဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ် နားထားရမှာဖြစ်ပြီး၊ အရေးပေါ်လူနာနဲ့ မတော်တဆ ထိခိုက်တာတွေကိုသာ ကုသပေးနိုင်မယ်လို့ ဆိုပါတယ်။

ရုတ်တရက်ရေကြီးမှုကြောင့် ဒေသခံများစိုက်ပျိုးရေးလုပ်သည့် လယ်ယာများစွာ ရေအောက်နှစ်မြှုပ်သွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုးဝါးဆုံးခံစားနေရတဲ့ ဒေသတွေက သက်ကြီးရွယ်အိုနဲ့ အထိ အခိုက်များနိုင်သောဒေသကသူ တွေကို ထိုင်းအာဏာပိုင်များက အမြန်ရွေ့ပြောင်းပေးနိုင်ရန်စီစဉ်နေပြီး၊ အကူအညီလိုအပ်ရင် Line application ကတဆင့် Line ID @1784DDPM သို့မဟုတ် Hot Line နံပါတ် 1784 ကို အချိန်ပြည့်ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – The Nation

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး