Homeပြည်တွင်းသတင်းကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပျက်စီးပြီး သေဆုံးသူ ၆ ဦးအထိရှိလာ

ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပျက်စီးပြီး သေဆုံးသူ ၆ ဦးအထိရှိလာ

၇ ဩဂုတ်၊၂၀၂၄

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခဲ့မှုမှာ သေဆုံးသူ ဒေသခံ(၆)ဦးအထိရှိလာပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီးသွားခဲ့တယ်လို့ TNLAက ထုတ်ပြန်လာပါတယ်။

သြဂုတ်လ ၅ ရက်နေ့ မနေ့က ညနေ (၃း၀၀)နာရီအချိန်က ကွတ်ခိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းနဲ့ (၄)ကြိမ် လာရောက်ပြီး ပေါင်(၅၀၀)ဗုံး (၇)လုံး ကြဲချတိုက်ခိုက်မခဲ့တာကြောင့် ကွတ်ခိုင်မြို ရပ်ကွက် (၅)နဲ့ ရပ်ကွက်(၈)ရှိ ဒေသခံပြည်သူ(၅)ဦး နေရာမှတင် ဗုံးစထိမှန်သေဆုံးခဲ့ပြီးနောက် နောက်ထပ် တစ်ဦးထပ်မံသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ (၁၀)ဦးထိရှိလာတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ကွတ်ခိုင်မြိုမစျေးရှိ ဆိုင်ခန်းပေါင်း (၄၀၁)ခန်းလည်းဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ အရပ်သား နေအိမ် (၁၀)အိမ်ထက်မနည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဗုံးကြဲချမှုကြောင့် မီးလောင်သွားတဲ့ မြိုမစျေးကို PSLF/TNLA ရဲ့ ကွတ်ခိုင်မြိုနယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး စျေးအတွင်း ပစ္စည်းများ ခိုးဆိုးလုယက်မှုတွေ မရှိစေဖို့ PSLF/TNLA တပ်ဖွဲက လုံခြုံရေး ယူထားတယ်လို့လည်း သိရပါတယ်။

Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read