စစ်ခေါင်းဆောင်ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲနီးလာတာနဲ့အညီ ကြံခိုင် ရေးပါတီဥက္ကဌ ခင်ရီဟာ အာဏာရှင် ထောက်ခံတဲ့ သရုပ်ဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင် ၃၁ရက်က ကြံခိုင်ရေးပါတီဥက္ကဋ္ဌခင်ရီဟာ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ခင်မောင်စိုးနဲ့အတူ ရန်ကုန်ရုံးခွဲမှာ စစ်ကော်မရှင်ကို ထောက်ခံတဲ့သရုပ်ဆောင်တွေနဲ့ သတင်းမီဒီယာတွေကို အပိုင်းနှစ်ပိုင်းခွဲပြီး တွေ့ဆုံခဲ့တာပါ။
ပထမတစ်ပိုင်းအနေနဲ့ အဲဒီနေ့ မနက် ၁၀နာရီအချိန်မှာ စစ်ကော်မရှင်ကိုထောက်ခံတဲ့နာမည်ကြီး သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ဟာသပညာရှင်တွေနဲ့တွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ မိမိကြိုက် နှစ်သက်တဲ့ အဖွဲ့အစည်းတွေကို မဲပေးဖို့ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယပိုင်းအနေနဲ့ မွန်းလွဲ ၁နာရီအချိန်မှာရန်ကုန်တိုင်းထဲ အခြေစိုက်တဲ့စစ်ကော်ရှင်လက်အောက်ခံမီဒီယာအဖွဲတွေနဲ့ တွေ့ဆုံခဲ့ပြီး ပါတီလှုပ်ရှားဆောင်ရွက်ထားတာကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့တွေကမေးမြန်းတဲ့ မေးခွန်းတွေကိုပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-USDP


