Homeပြည်တွင်းသတင်းကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခက်မှုတွေကြောင့် နေအိမ်စွန့်ခွါ ထွက်ပြေး နေရသူ ၁၀၀၀၀ ကျော်အထိရှိလာ

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခက်မှုတွေကြောင့် နေအိမ်စွန့်ခွါ ထွက်ပြေး နေရသူ ၁၀၀၀၀ ကျော်အထိရှိလာ

၂၈ ဇွန်၊၂၀၂၄

ကျိုက်ထိုမြို့နယ်တွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် သံဃာတော်နဲ့ အရပ်သားထိခိုက် သေဆုံးမှုတွေရှိနေပြီး နေအိမ်စွန့်ခွာတိမ်းရှောင်သူ ၁၀၀၀၀ ကျော်ရှိအထိရှိလာတယ် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်မှုတွေအရသိရပါတယ်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် (အမတ-၃၁၀)တပ်ရင်းစခန်းမှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေထဲကို ဇွန်လ (၂၁)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က လက်နက်ကြီး အလုံးရေများစွာ ပစ်ခတ်ခဲ့မှုကြောင့် ခရွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းကိုထိမှန်ခဲ့ပြီး သံဃာတော်နှစ်ပါး နဲ့ အရပ်သားနှစ်ဦး လက်ကြီး ကျဉ်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါတစ်ရက်ထဲမှာဘဲ မုက္ခမော့ကျေးရွာ အောင်နဝင်းဘုန်းကြီးကျောင်း မုဒ်ဝအနီးရှိ အရပ်သား နေအိမ်အပေါ် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီ (အမတ.၃၁၀)တပ်ရင်းစခန်းမှ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့မှုကြောင့် (ခမရ- ၂၀၇)နဲ့ (အမတ-၃၁၀) တပ်ရင်းစခန်းတို့နဲ့ တမိုင်ခွဲအကွာမှာရှိတဲ့ အရပ် သားနေအိမ်ခြံဝင်းအတွင်း လက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ခြံအတွင်းနေထိုင်တဲ့(၁၄) နှစ်အရွယ် က လေးငယ်တစ်ဦး သေဆုံးခဲ့ပြီး (၁) နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါ တယ်။

ယခုလို အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် ကျိုက်ထိုမြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံ ပြည်သူ (၁၀၀၀၀) ကျော်ဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နကြရတယ်လို့ KNU ရဲ့ထုတ်ပြန် မှုတွေအရ သိရပါတယ်။

Photo-KNU

ဆက်စပ် သတင်းများ

Most read