Homeပြည်တွင်းသတင်းကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆောင်ရွက်နေမှုဟာ ထိရောက်မှုမရှိတဲ့အတွက် စိတ်ပျက်ဖွယ်လို့ ဦးကျော်မိုးထွန်းပြော

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆောင်ရွက်နေမှုဟာ ထိရောက်မှုမရှိတဲ့အတွက် စိတ်ပျက်ဖွယ်လို့ ဦးကျော်မိုးထွန်းပြော

၃၁ ဇန်နဝါရီ၊ ၂၀၂၅

ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေအပေါ် ကတိပေးထားတဲ့အတိုင်း မြန်မာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့အသက်ကို အကာအကွယ်မပေးနိုင်တဲ့အတွက် ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆောင်ရွက်မှုတွေဟာ ထိရောက်မှုမရှိကြောင်းနဲ့ စိတ်ပျက်ဖွယ်ကောင်းကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုပါတယ်။

ဇန်နဝါရီလ ၃၀ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး စစ်တပ်က ကျင်းပမဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်နဲ့လောင်စာဆီတွေ ရောင်းချမုုကို ရပ်တန့်ပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချပြီး၊ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ ဒုတိယသံအမတ်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချဖို့ ဗြိတိန်နိုင်ငံက ဦးဆောင်ကြိုးပမ်းခဲ့ပေမဲ့ အဖွဲ့ဝင်တချို့ရဲ့ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့တဲ့အကြောင်း ဒုတိယသံအမတ်ကြီးက ဂျိန်းစ် ကရီယူကီက ပြောသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက တစ်နိုင်ငံက တားဆီးထားတဲ့အတွက် ရှေ့ဆက်တိုးလို့မရတဲ့ အခြေအနေကို ဘယ်လိုတုံ့ပြန်မလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံအပြင် တခြားနည်းလမ်းတွေကိုပါ ရှာဖွေသွားဖို့လိုတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read