Homeပြည်တွင်းသတင်းကလေး ၄၀၀ ကျော်ကို CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့လည်ပတ်နေတဲ့ လားရှိုး အမှတ် ၁ ပြည်သူ့ ဆေးရုံကြီးမှာ ကာကွယ်ဆေးတွေထိုးနှံပေး

ကလေး ၄၀၀ ကျော်ကို CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့လည်ပတ်နေတဲ့ လားရှိုး အမှတ် ၁ ပြည်သူ့ ဆေးရုံကြီးမှာ ကာကွယ်ဆေးတွေထိုးနှံပေး

၁၂ စက်တင်ဘာ၊၂၀၂၄

MNDAA ကသိမ်းပိုက်ထားတဲ့ လားရှိုးမြို့ရှိ အမှတ် (၁) ဆေးရုံကြီးကို CDM ဝန်ထမ်းတွေနဲ့လည်ပတ်နေပြီး လက်ရှိမှာ ကလေး (၄၀၀) ကျော်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်မှုအရ သိရ ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ လားရှိုး၊ အမှတ် ၁ ပြည်သူ့ဆေးရုံကြီးမှာ လစဉ်မွေးကင်းစကလေးတွေကို ကာကွယ် ဆေး ထိုးနှံပေးတဲ့နေ့ဖြစ်ပြီး သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စည်းရုံးမှုအောက်မှာ ကာကွယ် ဆေး ထိုးနှံပေးချင်းကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယခုနှစ် မေလ ၁၁ ရက်နေ့မှ စတင်ပြီး အမှတ် ၁ ပြည်သူ့ဆေးရုံကြီးမှ မွေးကင်းစနဲ့ အသက် ၃ နှစ်အောက် ကလေးငယ်တွေအတွက် လစဉ် ၁၁ ရက်နေ့တိုင်း နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ အခမဲ့ BCG ကာကွယ် ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ pentavalent ကာကွယ်ဆေးနှင့် ဝက်သက် ကာကွယ် ဆေးတို့ကို အထူးဒေသရှိ မွေးကင်းစနဲ့ သင့်လျော်တဲ့ အသက်အရွယ်ရှိ ကလေးတွေကို အခမဲ့ ကာကွယ်ဆေးထိုးပေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့်ချိန်အထိ မွေးကင်းစကလေးငယ် ၃၀၀ နီးပါးကို ကာကွယ်ဆေး ထိုးပြီးပြီဖြစ်ကြောင်း၊ ယင်းနေ့ တစ်နေ့လုံး ကာကွယ် ဆေးထိုးပြီးပါက ဆေးထိုးထားသည့် ကလေးငယ် အရေအတွက်သည် ၄၀၀ ကျော်မယ်လို့လည်း ဆိုပါတယ်။

ကလေးငယ်တွေရဲ့ ကာကွယ်ဆေးထိုးချိန်ကို အထူးဒေသအုပ်ချုပ်မှုကော်မတီရဲ့ အလေးထားမှုနှင့် ဌာနဆိုင်ရာ အသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဆင့် ခြောက်ဆင့်ခွဲကာ အဆိုပါ စီမံချက်ကို ယခုအချိန်အထိ ၅ လတာ အောင် မြင် စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ အမှတ် ၁ ပြည်သူ့ဆေးရုံကြီးရဲ့ ကာကွယ်ဆေး ထိုးခြင်းလုပ် ငန်းသည် ချောမွေ့စွာတိုးတက်နေကြောင်း၊ အထူးဒေသရှိ ပြည်သူတွေက ၎င်းတို့ရဲ့ ကလေးများအား ကာကွယ်ဆေးထိုးဖို့အတွက် ဆေးရုံကို ခေါ်ဆောင်ဖို့ ရွေးချယ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

MNDAA ရဲ့ စည်းရုံးမှုနဲ့ လမ်းညွှန်မှုအောက်တွင် ကာကွယ်ဆေးထိုးဖို့ စောင့်ဆိုင်းနေတဲ့အဖွဲ့က စနစ်တကျ အဆင့်မြင့်လာပြီး ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းစဉ်တစ်ခုလုံး စနစ်တကျရှိနေတယ်လို့လည်း ဆိုထားပါတယ်။

ပုံစာ -( လားရှိုးဒေသခံကလေများ ကာကွယ်ဆေးလာရောက်ထိုးနှံနေမှုပု့ရိပ်များ )

Photo – MNDAA

ဆက်စပ် သတင်းများ

Most read