Homeပြည်တွင်းသတင်းကရင်ပြည်နယ် မူတြော်ခရိုင်မှာ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီတပ်သား (၅၂) ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရခဲ့

ကရင်ပြည်နယ် မူတြော်ခရိုင်မှာ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီတပ်သား (၅၂) ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရခဲ့

၃ ဩဂုတ်၊၂၀၂၄

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက် အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပေါင်း (၁၀၁)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNUရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်သား (၅၂)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ် ရာရှိခဲ့ကာ စစ်ကောင်စီရဲ့ အဆောက်အဦး (၂)ခု ထိခိုက်ပျက်စီးပြီး မြင်း (၂)ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၅)နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ တွေ ဘက်မှ ထိခိုက်မှုတစုံတရာမျှမရှိကြောင်းနဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီမှာ ရိက္ခာပို့ဆောင်ဖို့အတွက် လေကြောင်းမှသာ လုပ်ဆောင်နိုင်တော့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီမှ ပြည်သူလူထုတွေနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေကို လက်နက်ကြီး၊လေကြောင်းနဲ့ ပစ်မှတ်ထား တိုက်ခဲ့ခြင်းတွေကိုလည်း အကြိမ်ရေများစွာလုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

Photo- KNU

ဆက်စပ် သတင်းများ

Most read