Homeပြည်တွင်းသတင်းကရင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော်ရှိအထိလာတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော်ရှိအထိလာတယ်လို့ KNU ထုတ်ပြန်

၂၁ ဇွန်၊၂၀၂၄

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ် နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ဆယ်သိန်းကျော်ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ဆယ်သိန်း ကျော် ထဲက (၁,ဝ၇၈,၅၀၅) ခြောက်သိန်းကျော်ကိုသာ အကူအညီပေးနိုင်ပြီး ကျန်တဲ့စစ်ဘေးဒုက္ခသည်တွေ အား လုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရ အောင်လည်းလုပ်ဆောင်နေတယ်လို့ လည်း ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေထဲမှာ ညောင်လေးပင်ခရိုင်က ငါးသိန်းနီးပါးနဲ့အများဆုံးဖြစ်ပြီး ဒူးပလာယာခရိုင်မှာ တစ်သိန်းခွဲကျော်၊ သထုံခရိုင်မှာ တစ်သိန်းခွဲနီးပါး၊ ဘိတ်-ထားဝယ်ခရိုင်မှာ တစ်သိန်းကျော်၊ တောင်ငူခရိုင်မှာ ရှစ်သောင်းကျော်၊ ဖာပွန်ခရိုင်မှာ ရှစ်သောင်းနီးပါးနဲ့ ဘားအံခရိုင်မှာ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက် ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက အရပ်သား နှစ်ရာနီးပါးကို အကြောင်းမဲ့ဖမ်း ဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ဇန်နဝါရီလ ၁၈ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအထိ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးဒုက္ခသည် ခုနစ်သိန်းကျော်(၇၅၁၆၆၉) ရှိရာကနေ ငါးလကျော်အတွင်း သုံးသိန်းနီးပါးတိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read