Homeပြည်တွင်းသတင်းကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ အကျပ်တည်းကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်နေ

ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ အကျပ်တည်းကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်နေ

၂၉ နိုဝင်ဘာ၊၂၀၂၄

လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ အကျပ်တည်း ကို ဖြေရှင်းဖို့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၄ သန်းအထိ လိုပ်လျှက်ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့“တို့ပိုင်သည့်မြေ တို့အုပ် ချုပ် မည်”ဆိုတဲ့ အစီရင်ခံစာအရ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ဘေးရှောင် အရေအတွက် ၁၀၅၂၇၂၉ အတွက် ၂၀၂၅ ခုနှစ်အတွင်း စစ်ဘေးရှောင်တစ်ဦးအတွက် ၆ လစာ ဆန်ထောက် ပန့်မှုပေးဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီပမာဏမှာ ဒေသတွင်း ဆန်ထောက်ပန့်မှုမလုံလောက်ချင်းနဲ့ ထပ်ဆောင်းရန်ပုံငွေလိုအပ်လာစေမယ့် အကြောင်းအရင်းတွေဖြစ်တဲ့ တစ်ခြားဒေသတွေက ဆန်လိုအပ်ချက်ရှိနေတဲ့ အခြေအနေတွေကိုထည့်တွက် ထား တာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

စားနပ်ရိက္ခာ၊လုံခြုံရေး အကျပ်အတည်းဖြေရှင်းဖို့နဲ့ လူထုအတွက် စိုက်ပျိုးရေးစီမံကိန်းသစ်တွေ ဖော်ဆောင် ပေးဖို့ ရန်ပုံငွေလိုအပ်ချက်တွေရှိနေတယ်လို့လည်း အစီရင်ခံစာအတွင်းမှာ ဖော်ပြပါရှိပါတယ်။

ကရင်ပြည်နယ်အတွင်းက စားနပ်ရိက္ခာအကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးဆိုရင် ကော်သူးလေးမှ ထွက်ခွါလာ မည့် ဒုက္ခသည်အရေအတွက် အကြီးအကျယ်တိုးလာနိုင်ဖွယ်ရှိတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။

Photo – KPSN

ဆက်စပ် သတင်းများ

Most read