Homeပြည်တွင်းသတင်းကင်းတားဆည် ရေလွှတ်တဲ့အတွက် မြစ်သားမြိုနယ် ရေပြန်တက်

ကင်းတားဆည် ရေလွှတ်တဲ့အတွက် မြစ်သားမြိုနယ် ရေပြန်တက်

၃ အောက်တိုဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မြစ်သားမြိုနယ်မှာ ရှိတဲ့ ကင်းတားဆည်ကနေ ရေလွှတ်လိုက်တဲ့အတွက် မြစ်သားမြိုဟာ အောက်တိုဘာ ၂ ရက် ညနေကစပြီး ရေတွေပြန်တက်လာတယ်လို ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာလမှာ ရာဂီမုန်တိုင်းအဖျားခတ်မှုကြောင့် တစ်ထပ်အိမ်တွေ ခေါင်မိုးအထိ နစ်မြုပ်ခဲ့တဲ့ မြစ်သားမြိုဟာ အောက်တိုဘာ ၃ ရက် မနက်ပိုင်း လမ်းတွေကို ရေဖုံးနေပြီလို သိရပါတယ်။ မြစ်သားမြိုဟာ ပန်းလောင်မြစ်ဘေးမှာ တည်ရှိတဲ့အတွက် ပြီးခဲ့တဲ့ရက်အနည်းငယ်ကလို ရေကြီးရေလျှံမှုတွေ ဖြစ်မှာ ဒေသခံတွေက စိုးရိမ်နေကြတယ်လို ဆိုပါတယ်။

အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်ဲ ရွေးရွာ၊ ကျွန်းလှတိုမှာ အရင်ရေမကျသေးဘဲ နောက်တစ်ခါ ထပ်တက်တဲ့အတွက် အောက်တိုဘာ ၃ ရက်မနက်မှာ ရေက ရင်ဘတ်အထိ ရောက်နေပြီလို ဒေသခံတွေက ပြောပါတယ်။ နောက်တခါ ရေမလွှမ်းမိုးခင် ရေတက်နေတဲ့နေရာတွေက မိသားစုဝင်တွေကို လူမှုကူညီရေးအဖွဲတွေနဲ့ မီးသတ်တပ်ဖွဲဝင်တွေက နေရာရွှေ့ပြောင်းဖို ကူညီပေးနေကြပါတယ်။

မိုးဆက်တိုက်ရွာသွန်းတာကြောင့် ကင်းတာဆည်မှာ အောက်တိုဘာ ၁ ရက်ကစပြီး ဆည်ပြည့်ရေမှတ်ကို ရောက်လာတဲ့အတွက် ရေတံခါး လေးပေါက်ဖွင့်ကာ ဆယ်ရေးလွှတ်တဲ့အကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပန်းလောင်မြစ်ကမ်းဘေးက ကျေးရွာနဲ့နေအိမ် တွေကိုလည်း ကုန်းမြင့်တွေဘက်ကို ရှောင်တိမ်းဖို သတိပေးထားပါတယ်။

မြစ်သားမြိုလို စက်တင်ဘာလမှာ ရေကြီးရေလျှံပြီး မြေပြိုကျခဲ့တဲ့ကလောမြိုမှာလည်း အောက်တိုဘာ ၁ ရက်က မိုးကြီးခဲ့တဲ့အတွက် ရေတက်လာပြီး ကလောမြိုဒေသခံတွေ စိုးရိမ်ခဲ့ကြတယ်လို သိရပါတယ်။ အောက်တိုဘာ ၂ ရက်မှာတော့ မိုးဆက်မရွာတဲ့အတွက် ကလောချောင်းရေလည်း ပြန်ကျသွားပြီလို ဒေသခံတွေ ပြောဆိုမှုအရသိရပါတယ်။ ကလောမြိုမှာ ရာဂီမုန်တိုင်းအဖျားခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုတွေ ဖြစ်ကာ ဒေသခံ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပုံစာ – မြစ်သားမြိုနယ် ရေပြန်တက်တဲ့မြင်ကွင်းများ

Photo – မီးသတ်ဦးစီးဌာန ၊ Citizen

ဆက်စပ် သတင်းများ

Most read