Homeပြည်တွင်းသတင်းYBS ယာဉ်လိုင်းအချို့မှာ ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ဖို့ မီးဖွင့်အချက်ပြတာနဲ့ ယာဉ်မောင်းတွေ သတိပေးလာ

YBS ယာဉ်လိုင်းအချို့မှာ ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ဖို့ မီးဖွင့်အချက်ပြတာနဲ့ ယာဉ်မောင်းတွေ သတိပေးလာ

၃၁ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့တွင်းက YBS ယာဉ်လိုင်းအ ချို့အနေနဲ့ ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ဖို့ မီးဖွင့်အချက်ပြတာနဲ့ ယာဉ် မောင်းတွေ သတိပေးလာတာမျိုးတွေ ရှိလာပြီဖြစ်တယ်လို့ စီးနင်းသူတွေဆီကနေ သိရပါတယ်။

ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ဖို့ ကြို တင်သတိပေးတဲ့အနေနဲ့ ယာဉ်အတွင်းမီးတွေအဖွင့်အပိတ်လုပ်ကာ အချက်ပြတာအပါ ကားအဆင်းအတက်နေရာတွေမှာလည်း သတိထားရန်စာလုံးကြီး‌တွေရေးထားတဲ့ စတစ်ကာတွေနဲ့ အသိပေးဖော်ပြလာတာကို ပိုမိုလုပ်ဆောင်လာကြပါတယ်။

ရန်ကုန်မှာ YBS စီးနင်းသူတွေအနေနဲ့ ဖုန်း၊ ပိုက်ဆံအိတ် စတာတွေကို ကိုယ်နဲ့ မကွာ သတိရှိရှိဆောင်ထားဖို့၊ မသင်္ကာပါက ခရီးသည်အချင်းချင်း သတိပေးဖို့ ၊အတက်အဆင်းတွေမှာ အထူးဂရုပြုဖို့နဲ့ငွေသားပေးတာထက် YPS ကတ်စနစ်

သုံးစွဲကြဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကသတိပေးနှိုးဆော်ထားပါတယ်။

ဒါအပြင် မှတ်တိုင်တွေမှာ စောင့်ကြည့်နေတဲ့ ယာဉ်ကြီးကြပ်ရေးအဖွဲ့ထံကိုလည်း သတင်းပို့တိုင်ကြားနိုင်သလို ၊ ယာဉ်ထိန်းတပ်ဖွဲ့တွေထံကိုလည်း သတင်းပို့တိုင် ကြားနိုင်တယ်လို့ သိရပါတယ်။

“ခါးပိုက်နှိုက်က မြို့ပတ်ကားတွေမှာ အများဆုံးရှိတယ်။ မြို့နယ်အစွန်ဘက်သွားတဲ့ကားတွေက သိပ်မတွေ့ရဘူး၊ အဓိက သူတို့လှုပ်ရှားတာ ရုံးဆင်း ရုံး တက်အချိန်ဘဲ၊ အခုတော့ ပြည်သူချင်းလည်း ညီဖို့လိုတာပေါ့” လို့ YBS စီးနင်းသူတစ်ဦးက ပြောပါတယ်။

အချို့သော YBS စီးနင်းသူအချို့မှာ ခါး ပိုက်နှိုက်နေသည်ကို တွေ့သိတိုင် မိမိဘက် ပြဿနာရှာမည်စိုးရိမ်တာကြောင့် မပြောဆိုရဲကြတာတွေလည်း တွေ့ရတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်လိုင်းတာ ဝန်ရှိသူတွေက အခုလို သတိပေးတာမျိုးတွေ ပိုပြီးလုပ်ဆောင်ပေးလာတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး