ငလျင်သင့်ဒေသတွေကို ထောက်ပန့်ပေးထားတဲ့ WFP ရဲ့ အာဟာရဖြည့်ဘီစကွတ်တွေကို ငွေကြေးနဲ့ အရောင်း အဝယ်ပြုလုပ်တာတွေ့ရှိပါက အရောင်းယူဆောင်ရွက်သွားမယ်လို့ UN World Food Programme (WFP) က အသိပေးထုတ်ပြန်ထားပါတယ်။
WFP ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ် မဟုတ်ကြောင်းနဲ့ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်ဘေးလို အရေးပေါ် အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့်အစားအစာတစ်မျိုး ဖြစ် တယ် လို့လည်း ဆိုပါတယ်။
အဆိုပါ အာဟာရဖြည့်ဘီစကွတ်တွေကို နေပြည်တော်မှာ ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ အဆိုပါ ဘီစကွတ်တွေကို ရောင်းချနေတယ်ကြောင်း ရေးသားနေမှုတွေကို WFP က သိရှိထားပြီးဖြစ်ပြီး အဲ့ဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရ သေးဘူးလို့လည်း ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့မသင့်ကြောင်းနဲ့ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – U.N Myanmar