Homeပြည်တွင်းသတင်းVOA သတင်းဌာနရဲ့ ဝန်ထမ်းတွေဆီ အလုပ်ရပ်စဲမှု အသိပေးအီးမေးလ်တွေ စတင်ရောက်ရှိ

VOA သတင်းဌာနရဲ့ ဝန်ထမ်းတွေဆီ အလုပ်ရပ်စဲမှု အသိပေးအီးမေးလ်တွေ စတင်ရောက်ရှိ

၁၇ မတ်၊၂၀၂၅

VOA အပါအဝင် အမေရိကန် မီဒီယာ တချို့ကို ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ အစိုးရအေဂျင်စီ လုပ်ငန်းတွေနဲ့ အသုံးစရိတ်တွေကို အနိမ့်ဆုံးအဆင့် ဖြတ်တောက် လျှော့ချဖို့ ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ခဲ့ပြီး တစ်ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာ VOAရဲ့ စာချုပ် ဝန်ထမ်းတွေဆီ အလုပ်ရပ်စဲကြောင်း အီးမေးလ်တွေ စတင် ရောက်ရှိလာတယ်လို့ AFP သတင်းမှာဖော်ပြလာမှုအရ သိရပါတယ်။

AFP သတင်းဌာနဟာ စာချုပ် ဝန်ထမ်း တချို့ဆီ ရောက်လာတဲ့ အီးမေးလ်တွေကို မျက်မြင် အတည်ပြုခွင့် ရခဲ့ရာမှာ မတ်လကုန်ကျရင် အလုပ်ရပ်နားစေမယ်လို့ အသိပေးထားတာ တွေ့ခဲ့ရကြောင်းနဲ့ လုပ်ငန်းလည် ပတ်မှုတွေ စတင်ရပ်ဆိုင်းသွားတဲ့ နေ့မှာ VOA ဝန်ထမ်းအားလုံးကို ရုတ်တရက် ခွင့်သတ်မှတ်ပေးခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ နိုင်ငံခြားသား အများစုပါဝင်တဲ့ စာချုပ် ဝန်ထမ်းတွေဆီ အလုပ်ရပ်နားမှု အကြောင်းကြား အီးမေးလ်တွေ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှု ရရှိထားရာ အမေရိကန် အသံ (VOA) သတင်းဌာနရဲ့ စာချုပ် ဝန်ထမ်းတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အလုပ်ထုတ်ပယ်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

VOA အပါအဝင် အမေရိကန် မီဒီယာ တချို့ကို ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ အစိုးရ အေဂျင်စီ လုပ်ငန်းတွေနဲ့ အသုံးစရိတ်တွေကို အနိမ့်ဆုံးအဆင့် ဖြတ်တောက် လျှော့ချဖို့ ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ခဲ့ပြီး တစ်ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာ VOAရဲ့ စာချုပ် ဝန်ထမ်းတွေဆီ အလုပ်ရပ်စဲကြောင်း အီးမေးလ်တွေ စတင် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

လုပ်ငန်း လည်ပတ်မှုတွေ စတင်ရပ်ဆိုင်းသွားတဲ့ နေ့မှာ VOA ဝန်ထမ်းအားလုံးကို ရုတ်တရက် ခွင့်သတ်မှတ် ပေးခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ နိုင်ငံခြားသား အများစု ပါဝင်တဲ့ စာချုပ် ဝန်ထမ်းတွေဆီ အလုပ်ရပ်နားမှု အကြောင်းကြား အီးမေးလ်တွေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

AFP သတင်းဌာနဟာ စာချုပ် ဝန်ထမ်း တချို့ဆီ ရောက်လာတဲ့ အီးမေးလ်တွေကို မျက်မြင် အတည်ပြုခွင့် ရခဲ့ရာမှာ မတ်လကုန်ကျရင် အလုပ်ရပ်နားစေမယ်လို့ အသိပေးထားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဝန်ထမ်း အသီးသီးဟာ လက်ရှိ အလုပ်တွေကို ချက်ချင်း ရပ်နားရမှာဖြစ်ပြီး သတင်းအေဂျင်စီရဲ့ အဆောက်အအုံနဲ့ စနစ်တွေကို ဝင်ရောက်ခွင့်ကနေ တားမြစ်လိုက်တယ်လို့လည်း အီးမေးလ်ထဲမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။

VOA ဝန်ထမ်း အများအပြားဟာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့ တခြား နိုင်ငံအလိုက် ဌာနခွဲတွေမှာ အလုပ်လုပ် နေသူတွေ ဖြစ်ကြောင်းနဲ့ လက်ရှိ အချိန်ထိ အလုပ်ရပ်နားခံရကြောင်း အကြောင်းကြားစာ ပေးပို့ခံရတဲ့ ဝန်ထမ်း အရေအတွက် ဘယ်လောက် ရှိနေပြီလဲ ဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စာချုပ်ဝန်ထမ်း အများအပြားဟာ အမေရိကန် နိုင်ငံသားတွေ မဟုတ်ကြတဲ့အတွက် မကြာခင် ပျောက်ပျက်သွား တော့မယ့် အလုပ်အကိုင် နေရာနဲ့အတူ အမေရိကန်မှာ ဆက်လက် နေထိုင်ခွင့် ဗီဇာအပေါ်မှာလည်း သက်ရောက် ထိခိုက်မှုတွေ ကြုံလာနိုင်ခြေ ရှိနေပါတယ်။

VOAရဲ့ အချိန်ပြည့် ဝန်ထမ်းအများစုကတော့ ဥပဒေကြောင်းအရ ပိုပြီး အားကောင်းတဲ့ အကာအကွယ် အောက် မှာ ရှိနေသလို လောလောဆယ် အလုပ်ထုတ်ပယ်တဲ့ အီးမေးလ်တွေ သူတို့ဆီ ရောက်မလာသေးပေမယ့် အလုပ်ခွင်ကနေ အနားပေး ခံထားရပြီး အလုပ်ဆက်မလုပ်ကြဖို့လည်း ညွှန်ကြား ခံထားရတယ်လို့ သိရပါတယ်။

Photo – VOA

ဆက်စပ် သတင်းများ

Most read