ဝတပ်(UWSA)အနေနဲ့ မည်သည့် အဖွဲ့အစည်းကိုမျှ လက်နက်၊ ငွေကြေးအကူ အညီပေးတော့မည် မဟုတ်ဟု မနေ့ကဩဂုတ်၂၀ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဝဒေသ ပန်ဆန်းမြို့မှာ မနေ့ ဩဂုတ် ၂၀ ရက်က UWSAက MNDAA, TNLA, SSPP တို့နဲ့ တွေ့ဆုံပြီးဆွေးနွေးပြီးနောက်မှာ၎င်းရဲ့တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို အခု ကြေငြာခဲ့တာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကိုလည်း “ဝ” ဒေသ
ဗဟိုနိုင်ငံရေးဗျူရိုရဲ့ အမြဲတမ်းကော် မတီအဖွဲ့ဝင်၊ ဒုတိယစစ်ဦးစီးချုပ်၊ Zhao Guoan ပြောကြားခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ ” ဝ အနေနဲ့ မည်သည့် လက်နက်နဲ့ ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ဘဲ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင်ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက် နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူ အညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်”ဟု ဖော်ပြထားပါတယ်။
ဒီ ထုတ်ပြန်ချက်အပေါ်ကိုလည်း မြန်မာအမျိုးသားဒီမိုကရေတစ်မဟာမိတ် တပ် မတော် (MNTJP/MNDAA)၊ ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)တို့ရဲ့ ကိုယ်စားလှယ်များ နားလည်သဘောပေါက်တယ်လို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားတာပါ။
ဓာတ်ပုံ – WSTV


