ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ပုံပါကျင်မြို့မှာ စိတ်ကြွမူးယစ်ဆေး ပြား ငါးသန်းနီးပါးကို သယ်ဆောင်လာတဲ့အမျိုးသားတဦး ဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက ဒီကနေ့ စက်တင်ဘာ ၂၁ ရက်မှာ သူရဲ့လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
ဖမ်းဆီးရမိတဲ့စိတ်ကြွဆေးပြားတွေဟာ ပီနံအိတ်နဲ့၂၃ အိတ် အရေအတွက်အား ဖြင့် ၄,၇၉၀,၀၀၀ ပြားကို TIGER အမျိုးအစားကား ယာဉ်အမှတ် 1L-1678နဲ့ သယ်ဆောင်လာစဉ်မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အ မျိုးသားဟာ အသက်၂၃ နှစ်အရွယ်ရှိပြီး၊ စစ်ကော်မရှင်ထိန်းချုပ်ဒေသဖြစ်တဲ့ မိုင်းတုံမြို့နယ် ၊နားကောင်းမှူးကျေးရွာနေသူဖြစ်တယ်လို့ဆိုပါတယ်။
မနေ့က စက်တင်ဘာ ၂၀ ရက် ညနေ ၆နာ ရီခွဲအချိန်မှာ မသင်္ကာဖွယ်လူနဲ့ ကားကိုတွေ့ရှိတယ်လို့ UWSA တပ်ဖွဲ့ကို သတင်း ပေးချက်အရ တပ်မဟာ ၇၇၅တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေခဲ့တာဖြစ်ပြီး၊ည ၈ နာရီခွဲမှာ မြန်မာ-ထိုင်းနယ်စပ် Bangge နဲ့ Luoshitang အကြားမှာတွေရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ဦးညီရမ်းက ဆိုပါတယ်။
ဓာတ်ပုံ-ညီရမ်း


