Homeပြည်တွင်းသတင်းUK အစိုးရမှ မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်အတွက် စတာလင်ပေါင် ၅ သန်း လှူဒါန်း

UK အစိုးရမှ မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်အတွက် စတာလင်ပေါင် ၅ သန်း လှူဒါန်း

၁၁ ဧပြီ ၊၂၀၂၅

မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်အတွက် UK အစိုးရမှ စတာလင်ပေါင် ၅ သန်း လှူဒါန်းခဲ့တယ်လို့ UK သံရုံးရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ယူကေအစိုးရအနေနဲ့ ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ (Disasters Emergency Committee – DEC Appeal) ရဲ့ မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်အတွက် ရန်ပုံငွေကောက်ခံခြင်းအစီအစဥ်မှာ စတာလင်ပေါင် ၅ သန်းထည့်ဝင်ခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အပျက်အစီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုအပြီး ရက်သတ္တပတ် နှစ်ပတ် အကြာမှာတော့ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ အကူအညီများစွာ လိုအပ်လျက်ရှိနေပါတယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ – UK in Myanmar

ဆက်စပ် သတင်းများ

Most read