Homeပြည်တွင်းသတင်းTNLA မှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေး

TNLA မှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေး

၁၃ ဇန်နဝါရီလ ၊ ၂၀၂၅

(၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ PSLF/TNLAမှ အကျဉ်း သား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းသား (၅၄)ဦးကို ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့တယ်လို့ ဇန်နဝါရီလ ၁၂ ရက် နေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ အကျဉ်းတွေမှာ TNLA ထိန်းချုပ်နယ်မြေအတွင်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်မှုကျူး လွန်မှု တွေကြောင့် အကျဥ်းကျနေသူတွေဖြစ်ပြီး TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအဘုင်မှ လက်မှတ်ထိုး လွှတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အကျဥ်းထောင်အသီးသီးက နှစ်ရှည်ထောင်ကျနေရသူတွေကိုလည်း တအာင်းအမျိုး သားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအနေနဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးပြီး လွှတ်ငြိမ်းစေ့ရန် လပိုင်းသာ လိုအပ်နေတဲ့ အကျဥ်းသားတွေကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အကျဉ်းသားတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးတွေအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု ကျူးလွန်ထားကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ကျရောက်တဲ့ (၆၁)နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေး နေ့အား ဂုဏ်ပြုတဲ့အနေနဲ့ PSLF/TNLA မှ အကျဉ်းသား (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆၀)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါသေးတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read