ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမအောင်မြင်ခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းနဲ့ အုတ်ပြင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက မေလ ၂ ရက် ည ၁၂ နာရီဝန်းကျင်မှာ တကြိမ် မေလ ၃ ရက် မနက် ၉ နာရီဝန်းကျင်မှ တကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး နေအိမ် ၇ လုံးပျက်စီးခဲ့ပြီး ဒေသခံ တဦးသေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းတာ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။