Homeပြည်တွင်းသတင်း‎TNLA က ဖမ်းဆီးထားသည့် ကျောက်မဲမြို့ ၈၈ ငြိမ်းပွင့်တာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် ရွှေဘို ပကဖ ၆ ဦးကို ပြန်လည်လွတ်မြောက်လာ

‎TNLA က ဖမ်းဆီးထားသည့် ကျောက်မဲမြို့ ၈၈ ငြိမ်းပွင့်တာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် ရွှေဘို ပကဖ ၆ ဦးကို ပြန်လည်လွတ်မြောက်လာ

‎၂၇ ဇွန် ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) က ဖမ်းဆီးထားတဲ့ ကျောက်မဲမြို့ ၈၈ ငြိမ်းပွင့်တာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် ရွှေဘို ပကဖ အဖွဲ့ ၆ ဦးကို ဒီကနေ့ ဇွန်၂၇ မှာ ပြန်လည်လွှတ် ပေးလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံ ဦးထွန်းထွန်းထံက သိရပါတယ်။

‎ပြန်လွတ်လာတဲ့ သူတွေဟာ ဒေါ်ရီရီဆွေကျောက်မဲ ငြိမ်း/ပွင့် ၊ ဦးငြိမ်းမောင် (ရွှေဘို)ကိုနေမျိုးချစ် (ဒီပဲရင်း)၊ကိုချစ်သိန်း (ရွှေဘို)ဦးကျော်စိုး (ရွှေဘို)နှင့် အခြား ရွှေဘို ပကဖ အဖွဲ့နှစ်ဦး တို့ဘဲ ဖြစ်ပါတယ်။
‎”အဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့တဲ့ သက် ဆိုင်သူ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဦးထွန်းထွန်းထံက ဆိုပါတယ်။

‎သူတို့ကို ဇွန်လ ၁၇ ရက်က နမ္မတူမြို့မှာ ကားတစ်စီးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ (၁၀) ရက်အကြာမှာ ပြန်လည်လွတ်လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

‎ဒေါ်ရီရီဆွေဟာ စစ်ကောင်စီက အာဏာသိမ်းယူခဲ့တဲ့အပေါ် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ပေမယ့် စစ်တပ်က ကျောက်မဲမြို့မှာရှိတဲ့ သူမရဲ့နေအိမ်ကို ချိတ်ပိတ်သိမ်းတည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျောက်မဲခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှာ တာဝန်ယူဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး