Homeပြည်တွင်းသတင်းတနိုင်ငံလုံးက CCTV တွေ ကို AI နဲ့ချိတ်ဆက်ပြီး လူကောင်းနဲ့လူဆိုး ခွဲခြားဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဝန်ကြီးပြော

တနိုင်ငံလုံးက CCTV တွေ ကို AI နဲ့ချိတ်ဆက်ပြီး လူကောင်းနဲ့လူဆိုး ခွဲခြားဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဝန်ကြီးပြော

၂၆ မတ်၊ ၂၀၂၅

တနိုင်ငံ လုံးက CCTV တွေနဲ့ ချိတ်ဆက်ပြီး AI နည်းပညာအသုံးပြုကာ လူကောင်းနဲ့လူဆိုး ခွဲခြားသိနိုင်ဖို့ စီမံဆောင်ရွက် နေတယ်လို့ စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောပါတယ်။

မှုခင်းဖော်ထုတ်ရေးအပိုင်းမှာ သဲလွန်စကောက်ယူတဲ့အခါ CCTV တွေမှာ AI နည်းပညာထည့်သွင်းအသုံးပြုပြီး မှုခင်းသဲလွန်စတွေရှာဖွေဖို့ ဆောင်ရွက်နေတယ်လို့ မတ်လ၂၆ ရက်က နေပြည်တော်မှာပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ တတိယနေ့မှာ သူကပြောတာပါ။

ဒီနည်းပညာဟာ တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီတွေ ဆီကနေ ရရှိတဲ့ နည်းပညာလည်းဖြစ်ပါတယ်။

ဒါဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်ရေး သမားတွေ၊ ဆန္ဒပြ ပြည်သူတွေနဲ့မြို့ပြ UG တွေကို စောင့်ကြည့် ဖမ်းဆီးနိုင်ဖို့အဓိက ရည်ရွယ်တာဖြစ်နိုင်တယ်လို့ မြို့ပြ UG တဦးက New Day Myanmar ကိုပြောပါတယ်။

“စစ်ကောင်စီက ဒါတွေကို ပြင်ဆင်နေတာကြာပါပြီ။ အဓိက ကတော့ သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်ဆီးဖို့စောင့်ကြည့်ဖို့ ပဲ သုံးမှာပါ။ သူတို့ကို ထောက်ခံရင် လူကောင်း၊ သူတို့ကို ဆန့်ကျင်ရင် လူဆို ဆိုတဲ့ အထာပေါ့။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေမှာ PSMS နည်းပညာအသုံးပြုပြီး ပြည်သူတွေရဲ့ အချက်အလက်တွေကို စစ်ဆေး ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

PSMS (Person Scrutinization and Monitoring System )ဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုစောင့်ကြည့်နိုင်တဲ့အဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပြီး AI, Facial Recognition, CCTV Analysis, Biometric Data နည်းပညာတို့နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

ပုံစာ – ရန်ကုန်မြို့ YBS တစီးပေါ်တွင် CCTV တပ်ဆင်ထားသည်ကို ၂၀၂၂ ခုနှစ်အတွင်းက မြင်ရစဉ်
ဓါတ်ပုံ – MITV

ဆက်စပ် သတင်းများ

Most read