Homeပြည်တွင်းသတင်းSTUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကိုခံဝန်ဖြင့် ၆ လနေထိုင်ရန် အမိန့်ချမှတ်

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကိုခံဝန်ဖြင့် ၆ လနေထိုင်ရန် အမိန့်ချမှတ်

၂၇ အောက်တိုဘာ ၂၀၂၅

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကိုခံဝန်ဖြင့် ၆ လနေထိုင်ရန် ရွှေပြည်သာမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ အောက် တိုဘာ ၂၄ ရက် ရုံးချိန်မှာ ရွှေပြည်သာမြို့နယ်တရားရုံးက ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အရ ကျပ်သိန်း ၃၀ တန် ခံဝန်သူနှစ်ဦးနဲ့ ခြောက်လအတွင်းမှာ ကောင်းမွန်စွာ နေ ထိုင်ရမယ်လို့ ခံဝန်ချုပ် ချုပ်ဆိုအမိန့်ချမှတ်ခဲ့တာပါ။

ဒါအပြင် ဒေါ်မျိုးမျိုးအေးကို စွဲဆိုထားတဲ့ အမှုအားလုံးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုတ်သိမ်းတယ်လို့ ပြော ဆိုထားပေမယ့် အဲဒီနေ့ ရုံးချိန်းမှာ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ (၆) အရ စုံစမ်းစစ်ဆေးနေတဲ့အဆင့်ဖြစ်တာကြောင့် ရုတ်သိမ်း၍ မရဘူးလို့ တရားရုံးကပြောဆိုတယ်လို့ ဆိုပါတယ်။

ဒါအပြင် နောက်ထပ်စွဲဆိုထားတဲ့ အမှုဖြစ်တဲ့ အသင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀၊၄၁ အမှုအတွက် အာမခံလျှောက်ထားတာကို နှစ်ဖက်လျှောက် လဲချက်တင်သွင်းခဲ့ကြတယ်လို့သိရပါတယ်။

အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့STUM အဖွဲ့ဝင် ၉ဦးအတွက် စွဲဆိုထားတဲ့အမှုတွေရုတ်သိမ်းပေးဖို့ လျှောက်ထားလွှာသီးသန့်တင်သွင်းခဲ့ရာ တရားရုံးက လက် ခံခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၂၇ ရက်ရုံး ချိန်းမှာ ဥပဒေအရာရှိဘက်က ကန့်ကွက်လျှောက်လဲချက်တင်သွင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး