Homeပြည်တွင်းသတင်းSTUM အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ မဂျွန်တူးမောင်နဲ့မဟေမာန်ဦးတို့ အာမခံလျှောက်ထားမှု ပလပ်ခံရ

STUM အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ မဂျွန်တူးမောင်နဲ့မဟေမာန်ဦးတို့ အာမခံလျှောက်ထားမှု ပလပ်ခံရ

၁၅ ဩဂုတ် ၂၀၂၅

အလုပ်သမားအရေးဆောင်ရွက်နေတဲ့ (STUM) အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ မဂျွန်တူးမောင် နဲ့ မဟေမာန်ဦးတို့အတွက် အာမ ခံပေးရန် လျှောက်ထားရာမှာ ပလပ်ခံရတယ်လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် -မြန်မာ က ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။

မနေ့ဩဂုတ် ၁၄ ရက်က မဂျွန်တူးမောင် နဲ့ မဟေမာန်ဦးတို့ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးနဲ့ အင်းစိန်မြို့နယ်တရားရုံးတို့မှာ အသီးသီးရုံးထုတ်ခဲ့ကြတာဘဲဖြစ်ပါတယ်။

သူတို့နှစ်ဦးကို စွဲဆိုထားတဲ့ ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ ဒုတိယအပိုင်းအရ အာမခံပေးပိုင်ခွင့်ရှိတဲ့ ပုဒ်မဖြစ်တာကြောင့် အာမခံ ပေးဖို့ လျှောက်ထားရာမှာ ဥပဒေအရာရှိကနှုတ်နဲ့ ကန့်ကွက်ပြီး အင်းစိန်မြို့နယ်တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ (၁) အရ လျှောက်ထားမှုကို ပလပ်ခဲ့တာဖြစ်ပါတယ်။

မဟေမာန်ဦးကို အင်းစိန်မြို့နယ်တရားရုံးက ဩဂုတ် ၂၀ ရက်ကို ရုံးချိန်ထပ်မံချိန်းဆိုထားသလို မဂျွန်တူးမောင်ကိုလည်း မြောက်ဥက္ကလာပမြို့နယ်တရားရုံး ဩဂုတ်၂၁ ရက်မှာ ရုံးချိန်း ပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်။

အလုပ်သမားအရေးဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအပါ မသင်းထက်စံ၊ မစုမြတ်နွယ် ၊ မောင်သီဟ၊ မောင်ဇော်ထိုက်၊မောင်ကျော်သက်နိုင်၊ မောင်ဇော်ဆန်းနိုင်တို့ကို ဩဂုတ်၂၀ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိနေတယ်လို့ သိရပါတယ်။

လတ်တလော သူတို့ကို အင်းစိန်အကျဉ်း ထောင်ကိူ ပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့သိရပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင် ၁၀ ဦးကို သက်ဆိုင်ရာ ၊ ဌာနဆိုင်ရာများနဲ့ ၎င်းတို့ကို ဦးဆောင်သည့် စစ်ကော်မရှင် အကြီးအကဲအနေနဲ့ မြန်မာ နိုင်ငံသား အလုပ်သမားများရဲ့ အခွင့်အရေး ကူညီတောင်းဆိုပေးနေသူတွေ အပေါ် တရားမျှတမှုရရှိရေးအတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုတယ်လို့ဖော်ပြထားပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး