Homeပြည်တွင်းသတင်းStrategy First University နှင့် Myanmar Imperial University အပါအဝင် ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကတက္ကသိုလ်အားလုံးကို ကောလိပ်အဆင့်သို့ စစ်ကောင်စီ...

Strategy First University နှင့် Myanmar Imperial University အပါအဝင် ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကတက္ကသိုလ်အားလုံးကို ကောလိပ်အဆင့်သို့ စစ်ကောင်စီ ဖြုတ်ချ

၂ ဩဂုတ်၊ ၂၀၂၄

Strategy First University နဲ့ Myanmar Imperial University အပါအဝင် ပုဂ္ဂလိကတက္ကသိုလ်အားလုံးကို University အဆင့်က College အဆင့်ကို ဖြုတ်ချလိုက်ဖို့ စစ်ကောင်စီရဲ့ ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၆ မှာ စာထုတ်ပြီး အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

“University များအား လိုအပ်ချက်ရှိ၍ ကောလိပ်အဆင့်ဖြင့် ခွင့်ပြုပါသည်။ University များအနေဖြင့် အမည်ပြောင်းလဲဖွင့်လှစ်ရန်ရှိသည်” ဆိုတဲ့ မှတ်ချက်နဲ့ ပုဂ္ဂလိကတက္ကသိုလ် (၄၀) ကျော်ကို ကောလိပ်အဆင့်ဖြုတ်ချလိုက်တဲ့အကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ရက်နေ့ အမိန့်ကြေငြာစာနဲ့ ထုတ်ပြန်လာပါတယ်။ ဘာလိုအပ်ချက်ဆိုတာမျိုး ရှင်းပြပေးထားခြင်းလည်းမရှိပါဘူး။ထိုအမိန့်စာကိုလည်း ပူးတွဲတင်ပြပေးပို့ပါတယ်။” လို့ International School တစ်ခုက ဆရာမတစ်ဦးက New Day Myanmar ကို သတင်းပေးပို့လာပါတယ်။

ဒီအမိန့်စာထွက်ပေါ်လာတဲ့အတွက် ပုဂ္ဂလိကတက္ကသိုလ်ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေနဲ့ ဆရာဆရာမတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်အကြောင်းပြချက်ကြောင့် ဖြုတ်ချလိုက်တာကို စစ်ကောင်စီက အမိန့်ကြေညာစာထဲ ထည့်သွင်းဖော်ပြထားခြင်းမရှိသေးပါဘူး။ အမိန့်ကြေညာစာပါ စာရင်းတွေအရ ရန်ကုန်မြို့ပေါ်မှာ ပုဂ္ဂလိကတက္ကသိုလ် ၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read