၉ ဧပြီ၊ ၂၀၂၅
ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့က Sky Villa ကွန်ဒိုအပျက်အစီးများကြားထဲက ရွေထည်ပစ္စည်းများနဲ့ အခြားပစ္စည်းတွေကို သက်ဆိုင်ရာဆီ အပ်နှံခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။
ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တာဖြစ်ပြီး ရွှေထည်ပစ္စည်းတွေနဲ့အတူဘဏ်ကတ်၊မှတ်ပုံတင်နဲ့ Passport ၂ ခု ပါဝင်တဲ့ အိတ်တစ်အိတ်ကို အများရှေ့မှာ စစ်ဆေးပြီး သက်ဆိုင်ရာသို့ အပ်နှံပေးခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
မတ်လ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့မန္တလေး Sky Villa ကွန်ဒိုအောက်မှာ ထုတ်မယူနိုင်သေးတဲ့အလောင်း(၂၀၀)ခန့်ရှိနိုင်သေးတယ်လို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က စက်နဲ့သုံးပြီး စစ်ဆေးချက်အရ တွက်ချက်ထားတယ်လို့ သိရပါတယ်။
Sky Villa ကွန်ဒိုပြိုကျမှုဖြစ်စဥ်ကို မီးသတ်တပ်ဖွဲ့ အပါအဝင် ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့တွေဟာ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ – Myanmar Rescue