Homeပြည်တွင်းသတင်းPDF နဲ့ ပကဖ တွေ ဆက်ကြေးကောက်ခံပါက ပြင်းထန်စွာအရေးယူမယ်လို့ NUG ထုတ်ပြန်

PDF နဲ့ ပကဖ တွေ ဆက်ကြေးကောက်ခံပါက ပြင်းထန်စွာအရေးယူမယ်လို့ NUG ထုတ်ပြန်

၁၃ စက်တင်ဘာ၊၂၀၂၄

PDF နဲ့ ပကဖ တွေ ပြည်သူတွေအပေါ် ခြိမ်းခြောက်ပြီး ဆက်ကြေးကောက်ခံပါက ပြင်းထန်စွာအရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိပေးထုတ်ပြန်လာပါတယ်။

လက်ရှိမှာ မသမာသူတွေက PDF အမည်ခံပြီး ဆက်ကြေးတောင်းခံမှုတွေကြားသိလာရတဲ့အတွက် အခုလို သတိပေးထုတ်ပြန်တာလို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေနရဲ့ အမည်များ၊ အမှတ်တံဆိပ်များကို အသုံးပြုပြီး ပြည်သူ့တော်လှန်ရေးကို ပုံဖျက်လိုသူတွေ စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံ ခြိမ်းခြောက် ငွေညှစ် ဆက်ကြေးတောင်းတဲ့ စာများ၊ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်တွေ ပေးပို့ခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းတွေ လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ဆောင်မှုတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) တွေရဲ့ လုပ်ဆောင်ချက် လုံးဝမဟုတ်ဘဲ စစ်ကောင်စီရဲ့ လက်ပါးစေတွေက ပြည်သူ့တော်လှန်ရေးရဲ့ ဂုဏ်အသရေကို ထိခိုက်ညှိုးနွမ်းစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေး သားဖြန့်ဝေနေ နေတဲ့ စာတွေဖြစ်တယ်လို့ ဆန်းစစ်သိရှိရတယ်လို့ ဆိုပါတယ်။

၃။ လုပ်ငန်းရှင်ပြည်သူတွေအနေနဲ့ ထိုသို့စာတွေ ရောက်ရှိလာပါက NUG/MOD ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ဆောင်ရွက်ခြင်း ဟုတ်မဟုတ် စိစစ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန Email [email protected] သို့ ဖြစ်စေ၊ တိုင်ကြားမှုများဆိုင်ရာကော်မတီ Email [email protected] သို့ ဖြစ်စေ ဆက်သွယ် အသိပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။။

အကယ်၍ PDF/ပကဖ တပ်ဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးရဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါ က PDF တပ်မတော်ရဲ့ စစ်စည်းကမ်းဥပဒေနဲ့အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Photo – MOD

ဆက်စပ် သတင်းများ

Most read