၂ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
ဒီသင်တန်းမှာ သင်တန်းတက်ရောက်ချိန် ၄ လ ကြာမြင့်ပြီး ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် ၁၄၀ဦး၊ မဟာမိတ် PDF ၆ဦး နဲ့ ပ.က.ဖ ၁ဦး စုစုပေါင်း (၁၄၇)ဦး သင်တန်းဆင်းပြီး အလံကိုင်သစ္စာဆိုခဲ့ပါတယ်။ သင်တန်းဆင်းပွဲကို ABSDFတပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်မိုးမိတ်ခရိုင် KIO၊ KIA က တာဝန်ရှိလူကြီးတွေ၊ BPLA မှ ဗျူဟာမှူး၊ KPDF အဖွဲ့၊ အမှတ် ၅၁၅ PDF အဖွဲ့နဲ့ ကူညီထောက်ပံ့ပေးနေတဲ့ မိဘ ပြည်သူလူထုတွေ တက်ရောက်ခဲ့ကြပါတယ်။
ABSDFသည် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ မျိုးဆက်သစ်တွေနဲ့ အင်အားဖြည့်တင်းပြီး မဟာမိတ် PDF ၊ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့အတူ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ မွန် ဒေသ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။
ပုံစာ – ABSDF အပတ်စဉ် ၈ သင်တန်းဆင်းပွဲ
Photo – ABSDF