Homeပြည်တွင်းသတင်းPDFအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တယ်လို့ ပြည်တွင်းဖုန်း သုံးစွဲသူတွေဆီကို Message ရောက်တာတွေရှိနေ

PDFအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တယ်လို့ ပြည်တွင်းဖုန်း သုံးစွဲသူတွေဆီကို Message ရောက်တာတွေရှိနေ

၃၁ ဇူလိုင် ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲတွေကို ဖိတ်ခေါ်တယ်လို့ ပြည်တွင်းဖုန်းသုံးစွဲသူတွေဆီကို Message ဝင်ရောက်တာတွေရှိနေတယ်လို့ ပြည်တွင်းဖုန်းအသုံးပြုသူတွေဆီကနေသိရပါတယ်။

အဲ့ဒီ မက်ဆေ့ပေးဖို့ချက်မှာ နိုင်ငံတော်အကျိုး လက်တွဲဖော်ဆောင်ရန် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများကို နိုင်ငံတော်အစိုးရနဲ့တပ် မတော်က ဖိတ်ခေါ်မှု လို့ဆိုကာ ဝက်ဘ်ဆိုက်မှာပါဝင်ရောက်ကြည့်ရှု့ဖို့ လင့်ခ်ကိုလည်း တစ်ပါတည်း ညွှန်းထားတယ်လို့ သိရပါတယ်။

အဲဒီလင့်ခ်ထဲ ဝင်ရောက်ကြည့်ရှုရင်တော့ အခုနှစ် ဧပြီ ၇ ရက် ရက်စွဲနဲ့ ဖော်ပြထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က တရားမဝင်‌ ကြောင်း ၊ ရွေးကောက်ပွဲကျင်းပပေးမယ့်အကြောင်း ဖော်ပြထားတာတွေ တွေ့ရပါတယ်။

စာတိုမက်ဆေ့စ်တွေဟာ ပြည်တွင်းဖုန်းသုံးစွဲသူအကြား မနေ့ ဇူလိုင် ၃၀ ရက် ညကစလို့ မက်ဆေ့စ်စာတိုပေးပို့တာတွေရှိနေပြီး၊ အက်တမ် (Atom) နဲ့ အော်ရီဒူး (Ooredoo) စတဲ့ဖုန်းအော်ပရေတာတွေကနေ ပေးပို့လာတာလို့ သိရပါတယ်။

ပုံစာ- ပြည်တွင်းဖုန်းထဲကို ရောက်ရှိလာတဲ့ စာတို

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး