၃ နိုဝင်ဘာ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ ရက် ၊ အင်္ဂါနေ့ ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခု နိုဝင်ဘာ ၅ ရက်မှာ ကျင်းပပြုလုပ်မယ့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
Photo – KNU