အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုအသစ်ပြန်လည်ဖွဲစည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၈ရက်မှာ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်ထားပါတယ်။
ဒီလိုအသစ် ပြန်လည်ဖွဲ့စည်းလိုက်တာဟာ ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အခုလို ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)မှာ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ မအိသဉ္ဓာမောင်၊ ဒေါ်နော်စူဇန်နာလှလှစိုး ၊ ဦးမိုးဇော်ဦး အပါအဝင် ဝန်ကြီးနှင့် ဒုဝန် ကြီးတချို့ ပြန်မပါတာကိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီအင်အား စုတွေနဲ့ပြည်သူလူထုက NUGအစိုးရကို တော်လှန်ျရးကာလ ကြာမြင့်လာတာနဲ့အမျှ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်ူအပြီး အခုလိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
CRPH ရဲ့ ထုတ်ပြန်ထဲမှာ ဦးဝင်းမြင့်( နိုင် ငံတော်သမ္မတ)၊ ဒေါ်အောင်ဆန်းစုကြည် +နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဒူဝါလရှီးလ (နိုင်ငံတော်ဒုတိယသမ္မတ(ယာ ယီသမ္မတ)၊ မန်းဝင်းခိုင်သန်း (ပြည် ထောင်စုဝန်ကြီးချုပ်)၊ ဒေါက်တာ ဇော်ဝေစိုး (ပြည်ထောင်စုဝန်ကြီး-ပြည် ထောင်စုဝန်ကြီးချုပ်ရုံး)၊ ဒေါ်ဇင်မာအောင် ပြည်ထောင်စုဝန်ကြီး- နိုင်ငံခြား ရေးဝန်ကြီးဌာန)၊ ဦးလွင်ကိုလတ် (ပြည် ထောင်စုဝန်ကြီး-ပြည်ထဲရေးနှင့်လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာန)တို့ ပါဝင်လာပါတယ်။
ဒါအပြင် ဦးရည်မွန် (ပြည်ထောင်စုဝန်ကြီး-ကာကွယ်ရေးဝန်ကြီးဌာန) ဒေါက် တာ လျန်မှုန်းဆာခေါင်း( ပြည်ထောင်စုဝန်ကြီး- ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန)၊ ဦးတင်ထွန်းနိုင် ပြည် ထောင်စုဝန်ကြီး- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန) ၊ ဒေါက် တာ ဝင်းမြတ်အေး (ပြည်ထောင်စုဝန် ကြီး- လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန)၊ ဂျာထွယ်ပန် ပြည်ထောင်စုဝန်ကြီး- ပညာရေးဝန်ကြီးဌာန) ဒေါက် တာ ရွှေပုံ( ပြည်ထောင်စုဝန်ကြီးကျန်းမာ ရေးဝန်ကြီးဌာန)အပါ ဝန်ကြီးဌာန ၂၉ ဌာနနဲ့ ဖွဲ့စည်းလိုက်တာဘဲဖြစ်ပါတယ်။


