Homeပြည်တွင်းသတင်းNUG ဝန်ကြီး ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

NUG ဝန်ကြီး ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

၂၈ ဇူလိုင်၊ ၂၀၂၄

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနဲ့ မြန်မာ့အရေးလှုပ်ရှား ဆောင်ရွက်နေတဲ့ မြန်မာနဲ့ဖိလစ်ပင်းတက်ကြွလှုပ်ရှားသူများအဖွဲ့ဟာ ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင် (Commission On Human Rights Philippines) ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တဲ့ ဇူလိုင်လ ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်(Commission On Human Rights-Phillippines) ဥက္ကဋ္ဌ Hon.Richard P.Palpal-Latoc နဲ့ ကော်မရှင်နာ Hon.Faydah Maniri Dumarpa တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ဝန်ကြီး ဦးအောင်မျိုးမင်းက အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက အရေးယူဆောင်ရွက်နေမှုအခြေအနေတွေ၊လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားတွေကို ဆွေးနွေးခဲ့ပါတယ်။

ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ပိုမိုသိရှိနားလည်အောင် ဆောင်ရွက်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပဲရစ်မူဝါဒနဲ့အညီ လူ့အခွင့်အရေးချိုးဖောက်မှုများကို စွမ်းစွမ်းတမံတားဆီးခြင်း၊လူ့အခွင့်အရေးပညာပေးမြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိတာကြောင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပါဝင်တဲ့ ဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေမှာ အသိအမှတ်ပြုခြင်းမလုပ်ရန် ဝန်ကြီးနဲ့ အဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read